😍 #ဒူးရင်းသီးဆိုရင် အသေကြိုက်အရှင်ကြိုက်တဲ့သူများအတွက် -“ ဒူးရင်းသီး ဘူဖေး “ ချမယ်ဆိုင်ရှိတယ်နော်

ဆိုင်က တောင်ဥက္ကလာထဲမှာဗျ
မနေ့က ဒူးရင်းသီး သွားဝယ်ရင်း ကြားလာတာ
လာမယ့် 👉🏻 တနင်္ဂနွေ ၁ ရက်တည်းကိုဘဲ ဘူဖေးခင်းမှာလို့သိရတယ်

စျေးနူန်းကတော့ ၁ ဦးကို ၉ သောင်းကျော်တဲ့
( အတိအကျက မမေးခဲ့ရဘူး ) ။
မနေ့က ဝယ်လာတာတောင် 3.5 Kg ကို ၁ သိန်းလောက် ကျသွားတာမို့ ဘူဖေးကို အမှန်တကယ် ၉ သောင်းကျော်နဲ့ အဝစားရမယ်ဆိုရင်တော့ တန်တယ်လို့ ပြောလို့ရတယ် ။

ဝန်ထမ်းပြောတာကတော့ လူများတော့ ကြိုပြီး booking ယူရင် ပိုအဆင်ပြေမယ်လို့ ပြောတယ် ။
သေချာအောင်တော့ ဖုန်းကြိုဆက်ပြီးမှ သွားနော်
မဟုတ်ရင် ရောက်မောကြီးဖြစ်မှာစိုးလို့

ဆိုင်ကိုတော့ Google map မှာ
Wake n’ Bake လို့ ရှာလို့ရတယ်နော် အစားသရဲလေးတို့ရေ ..

image
image
image