1 ရက် - ဘာသာပြန်ပါ။

😋မန္တလေး လက်ရာအတိုင်း… ထိထိမိမိနဲ့ စားချင်သူများအတွက် တောင်ဥက္ကလာထဲမှာ “ မန္တလေးအစားအစာဆိုင် “ မှာ စားမယ်ဗျို့ … 😍

ဒီဆိုင်လေးက Tea House အကြီးစားတွေလို မဟုတ်ပဲ 🔺️ မန္တလေး အစားအစာ သီးသန့် ရောင်းတဲ့ဆိုင်ပါ ။
( အရသာက မငန်လွန်းဘဲ မလေးလွန်းဘဲ စားလို့ကောင်းတဲ့ဆိုင်လေး ပါ )

ဒါပေမယ့် ဆိုင်က အဲကွန်းလေး နဲ့ ဖြစ်ပေမယ့်
အားနည်းချက်ကတော့ ကားပါကင်နေရာက လူကျတဲ့နေ့မျိုးဆိုရင် ကားပါကင်မရမှာစိုးရင် စောသွားသင့်တယ် ။

ကျနော်ဆို တောင်ဥက္ကလာ ထဲမှာနေတော့လေ
မနက်ပိုင်းဆိုရင် သွားစားတာများတယ်ဗျ ။
♨️ မန္တလေး မြီးရှည် ♨️ ခိုတောင် မုန့်တီ
♨️ နန်းလုံးကြီးသုပ် / နန်းလတ်သုပ်တွေ အပြင်
တခြား စားချင်စရာ ♨️ ရှမ်းခေါက်ဆွဲ နဲ့ မန္တလေး ထမင်းပေါင်း ... ဒေသစာလေးတွေ ကို တစ်လှည့်စီပတ်စားနေတာ .. ကောင်းနေရော ..

🥰 မုန့်ဖက် နဲ့ ပဲမှုန့်က စစ်ကိုင်းဘက်က တိုက်ရိုက်ယူတယ်ပြောတယ် ။
မန္တလေး မြီးရှည်မှာ ပါတဲ့ ~ ပဲငပိ နှင့် တခြားပါ၀င်ပစ္စည်းတွေကို မန္တလေးက တိုက်ရိုက်မှာတာတဲ့ 😋 ...

🍜 #စျေးနှုန်းတွေကတော့ ကြည့်ရတာလွယ်အောင် ပုံလေးတွေနဲ့ တွဲပြီး နာမည်စျေးနူန်းလေးနဲ့ တင်ထားပေးပါတယ်နော် ။


ဒီဆိုင်က မနက် ၇နာရီ မှ ညနေ ၅နာရီထိဖွင့်တာမို့လို့ မနက်စာကောင်းကောင်းစားလို့ရသလို
မန္တလေးမှာလိုပဲ မြီးရှည် ၊ မုန့်တီ နှင့် တခြားနေ့ခင်းစာတွေလည်း စားလို့ရနိုင်တာကြောင့် နေ့လည်ရော ညနေပါ စားလို့ရနိုင်ပါတယ်နော်

သွားစားမယ်ဆိုရင် ~
ဆိုင်အမည် - မန္တလေး Food House
ဆိုင်ဖွင့်ချိန် 🕖 မနက် ၇နာရီ မှ ညနေ ၅နာရီထိ
☎️ ၀၉ ၇၆၆ ၈၈၈၈ ၆၅
ဆိုင်လိပ်စာ 🔸 အမှတ် ၉၉၁ (မြေညီထပ်)၊ ဝေဇယန္တာလမ်း နှင့် မေတ္တာလမ်းထောင့်၊ မေတ္တာလမ်းမပေါ်၊ တောင်ဥက္ကလာ။ {ဝေဇယန္တာ City Mart အနီး}

အခြားဆိုင်ခွဲတွေက
ဆိုင်(၂) 🔸 သန်လျင် IT Express Teashop
ဆိုင်(၃) 🔸 လှိုင်သာယာ IT Express Teashop မှာရှိပါတယ်နော်

#foodinyangon 🩷
(စားသောက်ဆိုင်လမ်းညွှန်)

image
image
image
image
image