“ဖုန်းကိုင်မှာလား Power Bank ကိုင်မှာလား😐”
ဘက်ထရီပိုင်းကို ဖုန်း company တွေ အရမ်းအသားပေးလာပါပြီ
သာမာရိုးကျမြင်ရတဲ့ ဘက်ထရီတွေကနေ Silicon Carbon Battery ပေါ်လာပြီးချိန်မှာ ပါဝါဘန့်နီးပါး ဘက်ထရီတွေ ဖုန်းပေါ်ရောက်လာတာပါ
Xiaomi ကစမ်းနေတဲ့ Redmi ဖုန်းကတော့ ဘက်ထရီကို 8500 ကနေ 9000 mAh ကြားရှိမယ်
8.5mm ပဲထူမယ်
Self Developed Battery မလို့ Charging Life Cycle မှာ ဝိတ်လျှော့ထားတာမျိုးနည်းမယ်လို့ သတင်းထွက်နေပါတယ်
လက်ရှိမှာ Redmi ရဲ့Turbo 4 Pro က 7550 mAh Battery နဲ့ Xiaomi ရဲ့ ဘက်ထရီ အကြီးဆုံးဖုန်းအဖြစ် စံချိန်တင်ထားပါတယ်
အခုတလော ဘက်ထရီ အသားပေးဖုန်းတွေက ဆက်တိုက်ကို ထွက်နေတာပါ IQOOကလည်း 8000 mAh Battery ပါတဲ့ဖုန်းကို မိတ်ဆက်ထားပါသေးတယ်
ဆိုတော့ xiaomi လည်း ဘက်ထရီပိုင်းမှာ အစွမ်းပြဖို့ ခြေလှမ်းသွက်နေရတဲ့ပုံပါပဲ
