ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ
အမေဆိုတာ အိမ်ပဲလို့ ထင်ခဲ့တယ် ။
အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ ။
အိမ်ပြန်မယ်လို့သာ ပြောတယ်
တကယ်တော့ အမေ့ကို ရှာတာပဲ ။
အမေ ဘယ်မှာလဲ....
အမေရှိတဲ့အရပ်က အိမ်ပေါ့ ။
အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး ။
ကြီးလာတော့လည်း အမေဆိုတာ အိမ်
အိမ်ဆိုတာ အမေလို့ ထင်တုန်းပဲ ။
အမေ မရှိရင် အိမ်မရှိဘူး ။
အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ် ။
တကယ်တော့ အမေ့ကို လွမ်းတာပါ ။
အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ ။
အမေကို မတွေ့ရင် အမေကို ရှာတယ် ။
အမေကိုတွေ့မှ
ဪ.... အိမ် ပြန်ရောက်တယ် ။
အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့
ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့် ။
အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
အမေ့ကို အရင်သတိရကြပါလိမ့် ။
ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့် ။
တစ်သက် ရှိခဲ့ပါပြီ...
တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့ အလှဆုံးအိမ် ရှိမလဲလို့
တမ်းတ လွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ ။
ကျွန်တော် အကျယ်ကြီး ပြောပါရစေ...
အမေ ...
အမေရဲ့နွေးထွေးတဲ့ ရင်ခွင်ကမှ
ကျွန်တော်တစ်သက်တာအတွက်
အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...
#ကျွန်မဖတ်ဖို့ပေါင်းချုပ် #နိုင်းနိုင်းစနေ

image