3 ပတ် - ဘာသာပြန်ပါ။

မြန်မာတွေလည်း AI ပိုင်းမှာ ခေတ်နောက်မကျပါဘူး MIT က သူတို့ရဲ့ V6 POS , V6 ERP နဲ့ HXM Platform တွေပေါ်မှာ သုံးလို့ရတဲ့ Kaizentic Enterprise AI ဆိုတာ မိတ်ဆက်သွားပါတယ်
Enterprise AI ဆိုတဲ့အတိုင်းပဲ လုပ်ငန်းသုံးကို အဓိက အသားပေးတယ် ကျနော်တို့ သုံးနေကြ ChatGPT, DeepSeek တို့လို Public ဒါမှမဟုတ် Individual ပိုင်းကို မဟုတ်ပဲ Private Sector အတွက်ပေါ့
Kaizentic AI ရဲ့ တာဝန်က လုပ်ငန်းထဲမှာရှိတဲ့ ဒေတာတွေကို Processing လုပ်မယ် AI Chat Bot လို စနစ်ကနေ မေးသမျှ ဖြေပေးနိုင်မယ်
ဥပမာ “ရောင်းအားဘယ်လောက်ရှိလဲ” “ဝန်ထမ်းဘယ်နှယောက်ရှိတာလဲ”
ဒါတွေအပြင် Report တွေဖြစ်တဲ့ Pie Chart လိုတွေကအစ ထုတ်ပေးနိုင်တယ်ပေါ့
သာမန် Basic Knowledge နဲ့ဝန်ထမ်းတစ်ယောက်က Prompt နဲ့ Concept သိရင်တောင် Report တစ်စောင် လွယ်လွယ်နဲ့ ထုတ်နိုင်တဲ့ Approach မျိုးပေါ့
တစ်ခုကောင်းတာက ဒီလို Prompt တွေကို မြန်မာလို ပြောနိုင်တဲ့အားသာချက်ပဲ
Privacy ပိုင်းမှာတော့ ကျနော်တို့မေးတာတွေကို ဖြေမယ့် Processing ပိုင်းတွေက Private Cloud မှာလို့ပြောတယ်
ဒါ့အပြင် Company က ဝန်ထမ်းတိုင်းက ရှိသမျှအချက်အလက် အကုန် Access နိုင်တာမဟုတ်ပဲ Role အလိုက် သီးသန့်ခွဲခြားနိုင်တဲ့ Function မျိုးတွေလဲပါတယ်
MIT ဘက်က ပြောသွားတဲ့ Quote တွေထဲက တစ်ခုသဘောကျတာတော့ရှိတယ်
ကျနော်တို့က AI တွေကိုသုံးပြီး ရှိတဲ့လူတွေကို အစားထိုးဖို့ စိတ်ကူးကြတယ် ဒီလို နည်းလမ်းထက် AI ကို သုံးပြီး လုပ်ငန်းကို ဘယ်လိုပိုကောင်းအောင်လုပ်ကြမလည်းဆိုတာမျိုးက ပိုကောင်းပါတယ်တဲ့
တစ်ခုတော့ရှိတယ် AI ခေတ်ဆိုတော့ AI မသုံးတတ်တဲ့သူတွေကို AI သုံးတတ်တဲ့သူတွေက လုပ်ငန်းမှာ အစားထိုးသွားနိုင်ခြေတော့ရှိပါတယ်
AI ခေတ်ရေစီးကြောင်းမှာကျနော်တို့ Local Tech Sector အနေနဲ့လဲ AI စနစ်တွေ အမှီလိုက်လာနိုင်တာ ကောင်းမွန်တဲ့အရွေ့ပါပဲ

image
image
image
image