3 ပတ် - ဘာသာပြန်ပါ။

Stephen Hawking ကို သူ့ရဲ့ IQ (ဉာဏ်ရည်) စစ်ဆေးမှတ်အကြောင်း မေးမြန်းခဲ့ရာမှာ ‘’ကျွန်တော်မသိဘူး ကိုယ့်ရဲ့ IQ အကြောင်း ပြောနေတဲ့သူတွေဟာ အရှုံးသမားတွေဘဲ " လို့ သူက ဆိုခဲ့ပါတယ်
Hawking အတွက်တော့ ထူးချွန်ထက်မြက်တာဟာ စာမေးပွဲရလဒ်တွေ ဒါမှမဟုတ် ကြွားဝါမှုတွေနဲ့ တိုင်းတာလို့ရတဲ့အရာမဟုတ်ပါဘူး စကြဝဠာရဲ့ အခက်ခဲဆုံးမေးခွန်းတွေအတွက် အဖြေရှာလိုစိတ်၊ စိတ်ကူးစိတ်သန်းနဲ့ ဇွဲလုံ့လတွေသာ အဓိကလို့ သူက ယုံကြည်ခဲ့ပါတယ် တခြားသူတွေက သူတို့ရဲ့တန်ဖိုးကို ဂဏန်းတွေနဲ့ တိုင်းတာဖို့ မျှော်လင့်နေချိန်မှာတောင် သူ့ရဲ့ဉာဏ်ရည်နဲ့ နှိမ့်ချမှုတွေဟာထင်ရှားခဲ့ပါတယ်
တစ်သက်တာလုံး ALS (ကြွက်သားများအားနည်းသောရောဂါ) ကို ရင်ဆိုင်နေခဲ့ရပေမဲ့ Hawking ဟာ တွင်းနက်တွေနဲ့ စကြဝဠာဗေဒဆိုင်ရာ အယူအဆတွေကို ပြောင်းလဲပေးခဲ့ပါတယ် ဒါပေမဲ့ သူ့ကို ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်စေတာက စာရွက်ပေါ်က ကိန်းဂဏန်းမြင့်မားမှုကနေ မဟုတ်ဘဲ စူးစမ်းလိုစိတ် နဲ့ ကြိုးစားမှုတွေကြောင့် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ထွက်ပေါ်လာတယ်ဆိုတာကို သူက သတိပေးခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image