အရင်က Pilates Accessories တွေကို
ပြည်တွင်းမှာ ဝယ်ယူရတာအတော်ခက်ခဲပါတယ် ပြည်ပနိုင်ငံတွေကနေ အဆင့်ဆင့်
မှာယူ သယ်ဆောင်ပြီးမှ ရလာတာပါ။

စျေးနှုန်းကလဲမြင့်မားသလို ကိုယ့်နိုင်ငံရဲ့ငွေကြေးကလဲ ပြည်ပကိုစီးဆင်းသွားဆိုတော့ ကိုယ်တို့တွေပဲ နှစ်ခါ နစ်နာတာပေါ့နော်။

ကိုယ့်ပြည်တွင်းထုတ်ကုန်တွေကို
ဝယ်ယူအားပေးတာက တိုင်းပြည်စီးပွါးရေးကို တဖက်တလမ်းက အကျိုးပြုတဲ့အပြင်
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေလဲ
ပိုမိုကောင်းမွန်လာစေပါတယ်။

Pilates Workout Exercise ကို တခြားတိုင်းပြည်တွေမှာ ရေပန်းစားလေ့ကျင့်လာကြတာကြာပါပြီ ။ပြည်တွင်းမှာတော့ လေ့ကျင့်လို့ရတဲ့နေရာ လက်ချိုးရီတွက်လို့ရပါသေးတယ်။
မြို့ကြီးတွေမှလွဲလို့ တခြားနေရာတွေမှာ
Pilates လေ့ကျင့်ခန်းကို လေ့ကျင့်ဖို့အလှမ်း
ဝေးနေပါသေးတယ်။

တကယ်တော့ Pilates လေ့ကျင့်ခန်းက
မိမိရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှုအနဲဆုံးနဲ့
ထိရောက်မှုအရှိဆုံး လေ့ကျင့်လို့ရတဲ့
လေ့ကျင့်ခန်းတမျိုးဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ ကို
ကျစ်လစ်သန်မာလာစေပြီး
အဆီပိုတွေကို အမြန်ဆုံးဖယ်ရှားစေနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပိုမို
ကောင်းမွန်လာစေပြီး စိတ်အာရုံစူးစိုက်မှုအား ပိုကောင်းလာစေပါတယ်။

ခြေမြဲလက်မြဲ လာစေပြီး အရိုးအရွတ်တွေရဲ့သန်မာအားကောင်းမှုကိုပါရရှိလာစေပါတယ်။

ခက်ခဲတဲ့ တချို့ လေ့ကျင့်ပုံစံတွေကို
Injury မရစေပဲ beginner level မှ
စတင်ပြီး အလွယ်တကူလေ့ကျင့်နိုင်ပါတယ်။

ခန္ဓာကိုယ်အချိုးအစား ပုံစံအနေအထား
ပိုမိုအချိုးကျလှပအောင်ပြုပြင်ပေးနိုင်ပါတယ်။

ဘယ်အားကစားကိုမဆိုလေ့ကျင့်တဲ့အခါ
သက်လုံအားကောင်းဖို့ နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။

နိုင်ငံတကာမှာ လူသိများထင်ရှားလာတဲ့
အားကစားနည်းတခုကို လေ့ကျင့်လိုသူများနဲ့ မိမိ ရဲ့ လုပ်ငန်းကို ပိုမိုကောင်းမွန်အောင်အဆင့်မြင့်သင်ကြားလိုသူများအတွက်
ရည်ရွယ်ပြီးထုတ်လုပ်ပေးထားပါတယ်။

image
image
image
image
image