ဘာကြောင့် သန့်စင်အောင် လုပ်ရတာလဲ။

သဘာဝအတိုင်း တွေ့ရတဲ့ ယူရေနီယမ်သတ္တုရိုင်းတွေမှာ Uranium-235 (U-235) Uranium -234 (U-234) နဲ့ Uranium-238 (U-238) ဆိုတဲ့ အဓိက အမျိုးအစား သုံးမျိုး ပါဝင်ပါတယ်။သူတို့အားလုံးဟာ ယူရေနီယမ်တွေပါပဲ။

ဒီသုံးခုထဲမှာ U-235 ကသာ နျူကလီးယား ဓာတ်ပြုမှု (fission) ဖြစ်နိုင်တဲ့ တစ်ခုတည်းသော isotope ဖြစ်ပြီး သူ့ရဲ့ အက်တမ်ကွဲထွက်မှုကနေ နျူကလီးယား ပွတ်တိုက်မှု (fission) ဖြစ်ဖို့လိုအပ်တဲ့ ဆင့်ကဲဓာတ်ပြုမှု (chain reaction ) ဖြစ်နိုင်လို့ပါပဲ။နျူကလီးယား ဗုံးအတွက်ကော နျူကလီးယား ဓာတ်အားပေးရုံတွေအတွက် လိုအပ်တဲ့ ယူရေနီယမ်လောင်စာက U-235 တစ်မျိုးတည်းကိုပဲ သုံးလို့ရပါတယ်။

ပုံကတော့ သဘာဝအတိုင်းတွေ့ရတဲ့ ယူရေနီယမ် သတ္တုရိုင်းပါ။

image