3 ပတ် - ဘာသာပြန်ပါ။

ဆွစ်ဇာလန်က ရေခဲတောင်ပေါ်ကို ဟယ်လီကော့ပတာနဲ့ တက်ခဲ့တဲ့ Remax ပိုင်ရှင်ရဲ့ ဇနီး အေးဝတ်ရည်သောင်း
Remax က ပို့ပေးတဲ့ ဥရောပ ခရီးစဉ်လေးလည်း ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းဟာ Remax ကုမ္ပဏီပိုင်ရှင်ဖြစ်သူရဲ့ ဇနီးဖြစ်ပြီး ယခု ရေခဲတောင်ပေါ်မှာလည်း ခင်ပွန်းသည်ရဲ့ ကုမ္ပဏီ Remax ဆိုတဲ့ Brand အင်္ကျီကိုဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သူမနဲ့အတူ အခြားသောအနုပညာရှင်အချို့လည်း ဒီခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ အေးဝတ်ရည်သောင်းက ဆွစ်ဇာလန်က ကမ်းပါးမြင့်တစ်ခုဖြစ်တဲ့ Jungfraujoch ကို သွားပြီး ရေခဲတောင်ပေါ်တက်ခဲ့ကြတာပါ။ အဆိုပါရေခဲတောင်ပေါ်ကို တက်ရောက်ဖို့ ရထားအပြင် ဟယ်လီကော့ပတာနဲ့လည်း သွားရောက်နိုင်ပါတယ်။ သူမရဲ့ဓာတ်ပုံထဲမှာတော့ ဟယ်လီကော့ပတာတွေကို ညွှန်ပြထားတာကြောင့် ဒီခရီးစဉ်ကို Helicopter Tour နဲ့သွားတာ ဖြစ်နိုင်ပါလိမ့်မယ်။

image