1 d - Translate

ငလျင်တိုင်းစက်တွေတော်တော်များများတပ်ဆင်ပြီးလို့ လှုပ်ရင်တန်းသိတယ်၊ မလှုပ်ခင်မှာတော့ ဘာမှကြိုတင်မသိဘူး။
ပဲခူးကစက်နဲ့လှုပ်တဲ့ငလျင်အကွာအဝေးတွေတွေ့ကြရမယ်၊ နေရာ/အချိန် အတည်ပြုမှတ်တမ်းတင်ထားနိုင်တယ်။
ကြိုပြောနိုင်လား - မပြောနိုင်ဘူး။
စိုးရိမ်ရလား - အထပ်မြင့်တိုက်တွေ၊ တိုက်အိုတိုက်ဟောင်းတွေ သတိထားရမှာပေါ့ - "common sense" ဘဲလေ။
ကြိုတင်မပြောနိုင်တာကြောင့် သတိထားပြီးငလျင်များနဲ့ အတူတကွနေထိုင်တတ်ဘို့တော့ လိုတယ်။
အရေးကြီးစာရွက်စာတမ်းတို့ အရေးပေါ်ဆေးဝါးတို့ ပြင်ဘို့လိုတာတွေပြင်ထားရမယ်။
ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင် - မိသားစုတွေနဲ့ ဘယ်နေရာမှာဘယ်လိုပြန်ဆုံကြမယ်ဆိုတဲ့ စုရပ်သတ်မှတ်ပေးထားရမယ်။
ကိုယ်တည်နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာတွေ့နိုင်အောင် ဝီစီလေးတွေ ဝယ်ထားဆောင်ထားရမယ်။
အဲ့သည်လောက်တော့ အခုမှမဟုတ် ဟိုးအရင်ကတည်းကကို ပြင်ဆင်ထားဘို့လိုတယ်။
ကြောက်တယ်ကြောက်တယ်ဆိုပြီး အော်နေ/စိုးရိမ်နေလို့ ငလျင်က ရှောင်သွားမှာမဟုတ်ဘူး၊
ငလျင်ဆိုတာကိုကြိုတင်ခန့်မှန်းဘို့က မိုးလေဝသထက်အဆပေါင်းများစွာပိုခက်ခဲတယ် .. ခုထိလဲ အချိန်/နေရာ/ပြင်းအား တိတိကျကျကြိုတင်ခန့်မှန်းနိုင်တာ မရှိသေးဘူး။
အဲ့ဒီတော့ ..
လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး !
#crd

image