ကုလားကြက်သားလုံးကြော် (indian ဗရာကြော်စတိုင်လ်)
အိမ်မှာ ပူစီနံ တွေပိုနေတော့ ဘာလုပ်ရမလဲဆိုပြီးစဉ်းစားနေရာကနေ ကြက်သားလေးတောက်တောက်ဆင်း၊ ပူစီနံတွေထည့်၊ ကြက်သွန်ဖြူတွေထည့်၊ ငရုတ်သီးတွေထည့်ပြီး အမှုန့်လေးနဲ့ကြော်လိုက်တာ ကောင်းသား။ ကုလားဗ၇ာကြော်ကြိုက်တဲ့ အဖေတော့ တော်တော် အကြိုက်တွေ့သွားတယ်။လုပ်စားကြည့်နော်။
ပါ၀င်သောပစ္စည်းများ
၁။ ကြက်သား အသားချည်း- ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ အချိုမှုန့်- အနည်းငယ်
၄။ ပူစီနံ - ၅ ပင်
၅။ ကြက်သွန်ဖြူ ၂ မွှာ
၆။ ငရုတ်သီးစိမ်း - ၅ တောင့်
၇။ ကုလားလေး မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ အကြော်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း
၉။ ကြော်ရန် ဆီ
ပြုလုပ်နည်း
၁။ ကြက်သားကို တောက်တောက်ဆင်းထားပါ။ စဥ့်နီတုံးပေါ်တွင် တောက်တောက်ဆင်းနေသော အသားထဲကို ပူစီနံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကိုထည့်ရ်ျ တောက်တောက်ဆင်းပါ။
၂။ တောက်တောက်ဆင်းထားသော အသားထဲကို မဆလာ၊ဆား၊ အချိုမှုန့်တို့ကိုထည့်နယ်ပါ။ ထို့နောက် အကြော်မှုန့်ကို ထည့်နယ်ပြီး ဆီပူပူထဲထည့်ကြော်ပါ။
၃။ အသားလုံးများ ရွှေဝါေ၇ာင်သန်းလာလျှင် ဆီအိုးထဲမှဆယ်ရ်ျ စစ်ထားပါ။
၄။ ကုလား ကြက်သားလုံးကြော်ကို ထမင်းဆီဆမ်း၊ ထမင်းသုပ်တို့ဖြင့်သုံးဆောင်နိုင်ပါပြီ။
#cretid
