ထိုင်း မှာ ဘဏ်ဂယက်ပြီးရင် ဘာတွေဆက်
ဖြစ်လာနိုင် လဲ ?
မိတ်ဆွေများကို မရိုမသေ တွေးကြည့်ခိုင်းတာပါ …
ကျနော် Hint ကလေးတစ်ခုပေးပါရစေ …
💢ထိုင်းဘဏ်များ နှင့် ကျားဖြန့် ( အရှုပ်တော်ပုံ )
ကျားဖြန့်ဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်းငွေလွှဲခြင်းနဲ့သက်ဆိုင်တဲ့ လိမ်လည်မှုပေါင်း ၂၄,၅၀၀ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးက ဘတ်ငွေ ၂.၈ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ လိမ်လည်မှုတစ်ခုကို ပျမ်းမျှ ဘတ်ငွေ ၁၁၄,၀၀၀ ခန့်ဆုံးရှုံးနေတာပဲ ဖြစ်ပါတယ်။
ကျားဖြန့်ကိစ္စနဲ့ပက်သက်ရင် ထိုင်းမှာရှင်းလို့မပြီးနိုင်သေးပါဘူး။ အဲဒီအတွက် ထိုင်း ဗဟိုဘဏ်ကငွေကြေးလိမ်လည်မှုတွေကို ထိန်းချုပ်ဖို့ Mobile Banking ကနေ နေ့စဉ်ငွေလွှဲပမာဏကို ဘတ် ၅၀,၀၀၀ အထိ ကန့်သတ်လိုက်ပါတယ်။
စနစ်သစ်အရ မိုဘိုင်းဘဏ်စနစ် သုံးစွဲသူတွေကို အုပ်စုသုံးစု ခွဲခြားထားပါတယ်။
၁။ ငွေကြေးလိမ်လည်သူလို့ သံသယရှိသူတွေ
၂။ သာမန်သုံးစွဲသူတွေ
၃။ လိမ်လည်ခံရနိုင်ခြေများတဲ့ ထိခိုက်လွယ်အုပ်စု (Vulnerable customers)
ထိခိုက်လွယ်အုပ်စုထဲမှာတော့ အသက် ၁၅ နှစ်အောက် ကလေးသူငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ထည့်သွင်းသတ်မှတ်ထားပါတယ်။
နေ့စဉ်ငွေလွှဲကန့်သတ်ချက်ကို အဆင့်သုံးဆင့် ခွဲခြားထားပြီး
🔶ဘတ် ၅၀,၀၀၀ အောက် (S)၊
🔶ဘတ် ၂ သိန်းအောက် (M)
🔶ဘတ် ၂ သိန်းအထက် (L) တို့ ဖြစ်ပါတယ်။
ဒီကန့်သတ်ချက်ကို သုံးစွဲသူရဲ့ အဆင့်နဲ့ ဘဏ်တစ်ခုချင်းစီရဲ့ သုံးစွဲသူအချက်အလက်စိစစ်မှု (KYC) အပေါ်မူတည်ပြီး သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ကျားဖြန့်နှင့်ပက်သက်ပြီး ထိုင်းဘဏ်များကို တျောက်
လျောက်စည်းမျဉ်းသည်းကမ်းတွေကို ပြုပြင်လာကြတာ ကျနော့မိတ်ဆွေများအားလုံးလည်း သိကြပြီး သားဖြစ်မှာပါ ။
💢အိမ်ခြံမြေ
ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ နဲ့ပက်သက်ရင် နိုင်ငံခြားသားတွေက ထိုင်း နိုင်ငံသား အမည်ခံပြီး ခရီးသွားလုပ်ငန်းနဲ့ အိမ်ခြံမြေ လုပ်ငန်းတွေဖြစ်ကြတဲ့ ဖူးခက်နဲ့ ကော့စမွေ လို ခရီးသွားလုပ်ငန်း အားကောင်းတဲ့ ထိုင်း တောင်ပိုင်းမှာ နိုင်ငံခြားသားတွေရဲ့ ရင်းနှီးမြှပ်နှံမှု များပြားလာပြီး ရုရှားတွေဟာ တန်ဖိုးကြီး အိမ်ခြံမြေတွေကို အများဆုံး ဝယ်ယူထားကြပါသေးတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် ပထမကွာတားမှာ တရုတ်၊ မြန်မာ နှင့် ရုရှားတို့ ဟာကွန်ဒိုအများဆုံး ဝယ်ယူခဲ့ဘူးပါတယ်။ တရုတ်ကပထမ ၊ မြန်မာ ဒုတိယအထိ ဖြစ်သွားဘူးပါတယ်။
အချက်အလက်များအရ
🔶ကွန်ဒို ဝယ်ယူမှု အရေအတွက် အများဆုံး နိုင်ငံ (၁၀) ခုထဲမှာ မြန်မာနိုင်ငံက ဒုတိယပါဝင်လာပြီးတော့
1. China: 1,481 units (-7.2%)
2. Myanmar: 439 units (+12%)
3. Russia: 288 units (-2.4%)
4. Taiwan: 197 units (+37.8%)
5. France: 158 units (+22.5%)
6. USA: 147 units (-10.4%)
7. UK: 131 units (+21.3%)
8. Germany: 115 units (-23.8%)
9. Singapore: 93 units (+63.2%)
10. Australia: 61 units (-26.5%)
အသီးသီးတို့ ဖြစ်ကြပါတယ်။
🔶ကွန်ဒို ဝယ်ယူမှု တန်ဖိုး အများဆုံး နိုင်ငံ (၁၀) ခု
1. China: 6.12 billion baht (-19.2%)
2. Myanmar: 1.59 billion baht (-28.1%)
3. Russia: 987 million baht (+6.9%)
4. Taiwan: 910 million baht (+33.9%)
5. USA: 820 million baht (-10.7%)
6. UK: 744 million baht (+99.7%)
7. France: 612 million baht (+11.2%)
8. Singapore: 511 million baht (+52.5%)
9. Germany: 407 million baht (-16.1%)
10. India: 373 million baht (+2.1%)
စသည်တို့ ဖြစ်ကြပါတယ်။
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှု နှေးကွေးနေခြင်းအပြင် တရုတ်၊ ဗြိတိန်နှင့် ဂျာမနီ အပါအဝင် နိုင်ငံအများအပြားမှ ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းတို့ကြောင့် ထိုင်းအိမ်ခြံမြေဈေးကွက်ရှိ နိုင်ငံခြားသားဝယ်ယူသူများသည် သတိထားနေရဆဲအချိန်မှာ ရွှေ့ပြောင်းခဲ့ကြတာပဲဖြစ်ပါတယ်။
#crd အပိုင်း(၂) ဆက်ရန်


