" သည်ကလူတွေဟာ သူတို့ဘဝတစ်လျှောက်လုံး နာခံဖို့ချည်းပဲ လေ့ကျင့်တာ ခံနေကြရတယ် ။ မိဘစကား နာခံရတယ် ၊ ဆရာ့စကား နာခံရတယ် ၊ အုပ်ချုပ်သူရဲ့စကား နာခံရတယ် ၊ ဒါဟာ သူတို့ရဲ့ပညာရေးသင်ယူမှုပဲ ၊ နာခံရေးဆိုတဲ့ ဝသီပဲ "
ဒီစာအုပ်လေးကတော့ ၂၀၁၀ ခုနှစ် ဘာသာပြန်(ရသ) အမျိုးသားစာပေဆုရ စာအုပ်ဖြစ်သည့် အိန္ဒိယနိုင်ငံသား အမိသာဂို့ခ်ျ၏ The Glass Palace ကို ဘာသာပြန်ဆိုထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ရှင့် ။
ဤစာအုပ်ကို အမည်ပေးရာတွင် ဆရာနေဝင်းမြင့်က တိုင်းတစ်ပါးတွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ရသော မြန်မာနန်းကျဘုရင်၏ စိတ်ခံစားမှု ၊ ကြေကွဲစရာကောင်းလှသည့် အကျဉ်းစံ နေ့ရက်များကို အေးစက်နာကျင်စွာ ကုန်လွန်ခဲ့သည့် မြန်မာ့နောက်ဆုံးဘုရင်၏ စိတ်ခံစားမှုကို ထင်ဟပ်စေသည့် ပခန်း မင်းသား၏ စာသားကို ရွေးလိုက်ရာ “ ရေကန်သာ ကြာတိုင်းအေး ” ဟူ၍ ဖြစ်လာတော့သည် ။
ဤဝတ္ထုကြီးသည် မန္တလေးတွင် အစပြုခဲ့ပြီး သီပေါမင်း နှင့် သမီးတော်များ အကြောင်း ၊ ရတနာဂီရိအကြောင်း ၊ မြန်မာပြည် စစ်မြေပြင်များအကြောင်းတို့ ပါဝင်သည် ။ ဤဝတ္ထုကြီးကို နောက်ခံကားကောင်းကောင်း ၊ အခင်းအကျင်းကောင်းကောင်း ၊ အရပ်အဖောက်ကောင်းကောင်း ၊ အချိတ်အဆက် ကောင်းကောင်း ညွတ်နူး ဆွတ်ပျံ့ဖွယ် ဖြစ်အောင် ရေးနိုင်စွမ်း ရှိသည်ဟုခံစားမိခဲ့သည် ။ ချစ်ခြင်းမေတ္တာ နှင့် စစ်၏ခံစားမှုကိုလည်း တွဲဖက်ခံစားမိသည် ။
#နေဝင်းမြင့် #ရေကန်သာကြာတိုင်းအေး
