သိပ္ပံပညာရှင်တွေဟာ အရိုးစုဖွဲ့စည်းပုံ (bone structure) ကို အခြေခံပြီး ငှက်တွေဟာ ဒိုင်နိုဆောတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ နှစ်ပေါင်းများစွာကတည်းက သံသယရှိခဲ့ကြပါတယ် ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ သိပ္ပံနည်းကျ အခိုင်မာဆုံး သက်သေအထောက်အထားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
သိပ္ပံပညာရှင်တွေဟာ အမေရိကန်ပြည်ထောင်စု၊ မွန်တာနာပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ T-rex ရဲ့ ပေါင်ရိုး (femur) ရုပ်ကြွင်းတစ်ခုထဲမှ collagen လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို ထုတ်ယူနိုင်ခဲ့ပါတယ် ဒီပရိုတိန်းဟာ သက်ရှိသတ္တဝါတွေရဲ့ အရိုး၊ အရေပြား နဲ့ ကြွက်သားတွေမှာ တွေ့ရတဲ့ အခြေခံပရိုတိန်းဖြစ်ပါတယ်
သိပ္ပံပညာရှင်တွေဟာ T-rex ရဲ့ collagen ပရိုတိန်းကို ခေတ်သစ်သတ္တဝါ ၂၁ မျိုးရဲ့ ပရိုတိန်းတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ် အဲ့ဒီသတ္တဝါတွေထဲမှာ လူ၊ မျောက်ဝံ၊ ကြက်၊ ငှက်ကုလားအုတ် (ostrich)၊ မိကျောင်း၊ အိမ်မြှောင် စတာတွေ ပါဝင်ပါတယ် စစ်ဆေးမှုရလဒ်အရ T-rex ရဲ့ ပရိုတိန်းဟာ ကြက်နဲ့ ငှက်ကုလားအုတ် တို့ရဲ့ ပရိုတိန်းနဲ့ အနီးစပ်ဆုံး တူညီနေတာကို တွေ့ရှိခဲ့ရပါတယ်
ဒါကြောင့် သိပ္ပံပညာရှင်တွေက ကြက်တွေဟာ T-rex ကနေ တိုက်ရိုက်ဆင့်ကဲပြောင်းလဲလာတာတော့ မဟုတ်ဘဲ သူတို့နှစ်ခုလုံးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အတူတူရှိခဲ့ပြီး Theropods လို့ခေါ်တဲ့ ဒိုင်နိုဆောမျိုးနွယ်စုရဲ့ မျိုးဆက်တွေဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်
ဒါကြောင့်မို့လို့ T-rex နဲ့ ကြက်တို့ဟာ မျိုးနွယ်တူပြီး လူ့အခေါ်အရဆိုရင်ညီအစ်ကိုဝမ်းကွဲတွေ လိုမျိုး ဆက်စပ်နေတာဖြစ်ပါတယ် ဒီအချက်ကဘဲ ဒီကနေ့ခေတ်
သာမန် တိရိစ္ဆာန်လေးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကြီးမားတဲ့ သားရဲတိရစ္ဆာန်ကြီးတွေကနေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို ဖော်ပြနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
