ဘဝမှာ အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်မနေဘဲနဲ့ ကြီးမားတဲ့ အရာတွေနဲ့ အချိန်ကုန်နေဖို့ လိုပါတယ် ။ အဲဒီကြီးမားတဲ့အရာက ဘာလဲဆိုတော့ Goal ဖြစ်ပါတယ် ။ ဘဝရဲ့ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ် ။ အဲဒီတော့ ကျွန်တော်တို့က အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ ။ ငါ့ဘဝကအသေးအဖွဲလေးတွေနဲ့ အဆုံးသတ်ဖို့ မဟုတ်ဘူး ။ အသေးအဖွဲလေးတွေနဲ့ နေဖို့ မဟုတ်ဘူး ။
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြောပါ ။ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ချထားဖို့လည်း လိုပါလိမ့်မယ် ။ ဘဝရည်မှန်းချက်ပန်းတိုင်မရှိသူသာလျှင် အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ် ။
#ဉာဏ်လင်းအောင်