12 ပတ် - ဘာသာပြန်ပါ။

အပိုင်းလိုက် ရွေးကောက်ပွဲများကျင်းပပြီး ရလဒ်များထုတ်ပြန်ပြီးမှသာ လွှတ်တော်ခေါ်ယူရမည်
********************
(ပြည်တွင်း) ဩဂုတ် ၂၀
အပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များ ထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက်နှင့် အညီ လွှတ်တော်ခေါ်ယူရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၁၈ – ၈ – ၂၀၂၅ ရက်စွဲပါ ကြေညာချက် အမှတ် ( ၅၅/၂၀၂၅ ) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် ( တနင်္ဂနွေနေ့ )တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက် ကျင်းပပြုလုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ ကြေညာချက်နှင့်အညီ ဆောင်ရွက်မည်ဟုလည်း ပြောဆိုထားသည်။

image