လစာကိစ္စ ညှိနှိုင်းမရတဲ့ ဗင်နီ'
ရီးယဲလ်မက်ဒရစ်နဲ့ ဗင်နီစီးယပ်စ်ဂျူနီယာကြား စာချုပ်သစ်ကိစ္စဆွေးနွေးမှုဟာ လက်ရှိအချိန်မှာရပ်တန့်သွားပါတယ်။
သူဟာတစ်နှစ်လုပ်ခ ယူရို(၁၇)သန်းရရှိနေရာ အသင်းဘက်က သန်း(၂၀)သို့ပြောင်းလဲတိုးမြှင့်ပေးမယ်ဆိုပေမယ့် အဆိုပါအကူးအပြောင်းက နည်းပါးလွန်းတယ်ဆိုပြီး ကစားသမားနဲ့အေးဂျင့်ဖြစ်သူက ငြင်းပယ်ခဲ့တယ်။
သူတို့လိုချင်တာက ယူရိုသန်း(၂၀)+ အပိုဆုကြေး(၁၀)သန်းပါ။ ကစားသမားဟာ ရီးယဲလ်အတွက် အခုတစ်ရာသီကစားပေးပြီးမှ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ပါတော့မယ်။