12 w - Translate

ဖရဲအသီးထွားဖို့လိုက်နာရမည့်အချက်၉ချက်🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
=======================
၁။ စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။🤗
၂။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။👌
၃။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။👈
၄။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးရမည်။👌
၅။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။ 💚
၆။ ဖရဲ အဖိုပွင့်နှင့် အမပွင့် ဝတ်မှုန်ကူးရာတွင် သဘာဝအားဖြင့် ပျားပိတုန်းများဖြင့်သာ ဝတ်မှုန်ကူးသည်။ 😇
၇။ ဝတ်မှုန်ကူးခြင်း မပြည့်စုံပါက အသီး မတင်ခြင်း၊ အသီးပုံပျက်ခြင်းများ ဖြစ်တတ်သည်။😍
၈။ ဝတ်မှုံကူးခြင်းသည် နံနက် ၆ နာရီမှ ၈ နာရီအတွင်းသာဖြစ်၍ အမပွင့်သည် ၂ ရက်သာ ဝတ်မှုန် လက်ခံနိုင်သည်။👍
၉။ လူနှင့် ဝတ်မှုန်ကူးပေးခြင်းကို နံနက် ၆ နာရီမှ ၈ နာရီအတွင်း ကောင်းစွာ ပွင့်နေသော အဖိုပွင့်ကို အမပွင့်ပေါ် မျက်နှာချင်းဆိုင် အပ်ပြီး လှည့်ပေးရမည်။ အမပွင့် တစ်ပွင့်လျှင် အဖိုပွင့် ၃ ပွင့်နှုန်း ပြုလုပ်ပေးပါ။😻

image