တကယ်တော့ relationshipတွေမှာ ပြဿနာတက်ကြတာ ဟာ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်လို့ပါ ။ Self-love ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့ လူတစ်ယောက်က အခြားလူတစ်ယောက်ကို သွားချစ်တဲ့အခါ ကိုယ့်မှာမရှိတာကို ပေးနေသလို ဖြစ်နေပါတယ် ။ တကယ်တော့ ကျွန်တော်
အမြဲပြောသလိုပဲ You can't give what you don't have ပါ ။
ဒါကြောင့် အခြားလူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် self-love challenge တွေ လုပ်ကြည့်ပါ ။ ( Youtube တွင် ရှာဖွေနိုင်ပါသည်) ။ အချစ်ရဲ့ definition ကို သေချာဖွင့်ပါ ။ ချစ်သူရှိသွားရင်လည်း ကိုယ့် definition ရဲ့ဦးတည်ချက်အတိုင်း သွားပါ ။ အကောင်းဆုံးအချိန်တွေကို ဖန်တီးပါ ။ ပျော်ရွှင်မှုတွေကို မြှင့်တင်ပါ ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် support လုပ်ပါ ။ အချစ်ဆိုတာ ပူလောင်ခြင်း မဟုတ်ပါဘူး ။ အချစ်ဆိုတာ နွေးထွေးခြင်း ၊ ပျော်ရွှင်ခြင်း ၊ အေးချမ်းခြင်းတွေပါ ။
#ပိုင် (That's for you)
