💪 Be Healthy 🧘♀️🏃♀️🚴♀️🏋️♀️🤼♀️⛹️♀️🏌️♀️🏊♀️🚵♀️🧗♀️🤸♀️
ဖြစ်နိုင်ရင် အမျိုးသမီးလေးတွေကို
မိတ်ကပ်တွေဖိလိမ်းနေမဲ့အစား ..
ဘယ်လေ့ကျင့်ခန်းကိုပဲဖြစ်ဖြစ်
လုပ်စေချင်တယ်..
ရေများများသောက် skin care လေးလုပ်
အသီးရွက်များများစား..
လူ့ခန္ဓာကိုယ်ရဲ့ သဘောကိုက လှုပ်ရှားလေ
ကျစ်လျစ်လေ ကျန်းမာလေပဲ အဲ့တော့
GYM ကိုအချိန်ပေးမဆော့နိုင်ရင်တောင်
အိမ်မယ် cardio လေးမှန်မှန်
လုပ်ကြရင်ကိုမဆိုးဘူး..
ခုဟာက ၂၀ကျော်ထိလှသေး
၃၀လောက်ဆို စပြီး
လျော့တိလျော့ယွဲဖြစ်လာပြီ
ကိုယ့်ကိုယ်ကို ချစ်ကြပါလေ..
အရွယ်ရှိတုန်း RSတခုမှာပဲ bondလုပ်ခံပြီး
အချိန်ကုန်ခံမနေနဲ့ ပြတ်ကြဟာ
ပြောနေတာမဟုတ်ဘူး
ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ကြိုးစားဦး
ဘာစိတ်ဝင်စားလဲ
နယ်ပယ်အသစ်သစ်တွေရှာပြီး
ဘဝမှာနေပျော်အောင်နေဦး
ကိုကို မောင်မောင်က ဒါလုပ်လို့
စိတ်ကောက် ဟင့် ဟင့်
အဲ့တာတွေမှာပဲ အချိန်ကုန်ခံမနေကြပါနဲ့
ဘယ်အရာမှမတည်မြဲတာအမှန်
တစ်ယောက်တည်းဘယ်လိုရပ်တည်နိုင်မလဲ
အမှန်တွေးထား..
ပြီး စာဖတ်ပါ များများတွေးပါပေါ့ ခုတော့
ဟိုဟာဆိုလဲမသိ ဒီဟာဆိုလဲ nahh
"မသိဘူး ခေးက makeup နဲ့oppaတို့ပဲသိတာ"
သူများတွေဖြစ်ဖြစ်မြောက်မြောက်ဖြစ်နေပြီ
သူတို့က သူများဘာပြောပြော
ပါးစပ်အဟောင်းသား ငေးကောင်းတုန်း..
စာဖတ်လားဆိုတော့လဲ
စာအုပ်နဲ့ဓာတ်ပုံရိုက်ရတာပဲ ကြိုက်သတဲ့😐
မြင်နေရတာတွေလဲအရမ်းအသည်းယားတယ်
ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ
အဲ့တာ အရှုံးမရှိဘူး
ကိုယ့်ကိုယ်ကို အချိန်ပေး
ကိုယ့်ကိုယ်ကို အရင်ချစ်ပေးဖို့သတိရ
ခုက သူများစိတ်နဲ့အသက်ရှင်နေကြတယ်
အဲ့သူများက
သမီးရည်းစားပဲဖြစ်ဖြစ်
အိမ်ထောင်ဖက်ပဲဖြစ်ဖြစ်
ထားသွားရင် ဒါမှမဟုတ်
အကြောင်းတခုခုနဲ့
ဘေးမှာဆက်မရှိတော့ရင် အရူးမီးဝိုင်းတွေဖြစ်
attach လိုက်မလုပ်ပါနဲ့..
တစ်ယောက်တည်းလဲဖြစ်ပါတယ်
I can do it ပဲတွေးထား..
Credit
