Jean-Pierre Adams ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ပြင်သစ်ဘောလုံးလောကရဲ့ ထင်ရှားတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ် သူဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ၂၂ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ် ၁၉၈၂ ခုနှစ်မှာတော့ သူဟာ နီးမက်စ် (Nîmes) အသင်းမှာ ကစားနေချိန် အရွတ်စုတ်ပြဲတဲ့ဒဏ်ရာ ရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူဖို့အတွက် ဆေးရုံတက်ခဲ့ပါတယ်
၁၉၈၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ ခွဲစိတ်မှု ပြုလုပ်ဖို့ ဆေးရုံကို ရောက်ရှိခဲ့ပါတယ် ဒါပေမဲ့ အဲဒီအချိန်မှာ ဆေးရုံဝန်ထမ်းတွေဟာ သပိတ်မှောက်နေကြတာကြောင့် လူအင်အားနည်းပါးပြီး ဆေးရုံဟာ အရေးပေါ်အခြေအနေ ဖြစ်နေခဲ့ပါတယ် အဲ့လိုနဲ့မေ့ဆေးဆရာဝန်တစ်ဦးနဲ့ လက်ထောက်တစ်ဦးတို့ဟာ Adams ကို မေ့ဆေးပေးခဲ့ကြပါတယ် အမှားအယွင်းတွေကြောင့် လုံလောက်တဲ့ ပမာဏထက် ပိုများတဲ့ မေ့ဆေးကို ထိုးသွင်းမိခဲ့ပြီး သူ့ရဲ့ လေပြွန်ကိုပိတ်ဆို့သွားစေခဲ့ပါတယ်
ဒီလိုပိတ်ဆို့မှုကြောင့် Adams ရဲ့ဦးနှောက်ဆီကို အောက်ဆီဂျင် လုံးဝမရောက်တော့ပါဘူး ဦးနှောက်အာရုံကြောတွေ ထိခိုက်ခဲ့ရတာကြောင့် သူဟာ ချက်ချင်းဆိုသလိုသတိမေ့မြောခဲ့ပြီး ၃၉ နှစ် လုံးလုံး coma ဖြစ်သွားခဲ့ရပါတယ်
ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ Adams ရဲ့ဇနီးဖြစ်သူ Bernadette ဟာ သူ့ကို အနားကနေ တစ်စက္ကန့်မှမခွာဘဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ် ဆရာဝန်တွေက Adams ရဲ့အခြေအနေဟာ ပြန်ကောင်းဖို့မဖြစ်နိုင်တော့ဘူးလို့ပြောကြားခဲ့ပေမဲ့ သူမက လက်မခံခဲ့ဘဲ အိမ်ကို ပြန်ခေါ်သွားပြီး ၃၉ နှစ်လုံးလုံး ပြုစုစောင့်ရှောက်ခဲ့ပါတယ်
သူမဟာ Adams အတွက် အရာအားလုံးကို မျှော်လင့်ချက်အပြည့်နဲ့ ပြုလုပ်ခဲ့ပါတယ် ပုံမှန်အတိုင်း အစားအစာတွေ ကျွေးတာ၊ အဝတ်အစားလဲပေးတာနဲ့ အားကစားသတင်းတွေကို နားထောင်ပေးတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ် သူမဟာ Euthanasia (ေxသစေရန် ဆေးထိုးပေးခြင်း) ကိုလည်း လုံးဝလက်မခံခဲ့ပါဘူး
Bernadette ဟာ သူ့ခင်ပွန်း သတိပြန်ရလာမယ်လို့ အမြဲယုံကြည်ခဲ့ပါတယ် နှစ်ပေါင်းများစွာကြာလာတဲ့အခါ Adams ဟာ လှုပ်ရှားနိုင်တဲ့အခြေအနေမရှိပေမဲ့ မျက်လုံးလှုပ်ရှားတာနဲ့ အချို့သော အသံတွေအပေါ် တုံ့ပြန်တာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်
အဲ့လိုနဲ့ Adams အသက် ၇၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ မှာတော့ကွယ်လွန်သွားခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
