တချို့က ဘုရားတွေ၊
ကျောင်းကန်တွေ ရှိနေရင်
သာသနာ ထွန်းကား နေတယ်လို့ ထင်တယ်။
သူကတော့ ငါးပါးသီလတောင် မလုံဘူးဆိုရင်
သူ့အတွက် သာသနာ ကွယ်နေတာပဲလေ။
ဘုရားကတော့ ရှိတာပဲ။
ဒီပြင် ဗုဒ္ဓဘာသာ မဟုတ်တဲ့ နိုင်ငံတွေမှာလည်း
ဘုရား ရှိနေတာပဲ။ ဟုတ်ကဲ့လား။
ကျောင်းဟောင်းကြီး တွေ၊
ဘုရားရုပ်ပွားတော် တွေ၊
ဆင်းတုတော် တွေ ဒီကနေ့ ကမ္ဘာမှာ
ဗုဒ္ဓဘာသာ နိုင်ငံ မဟုတ်တဲ့ နိုင်ငံတွေမှာလည်း ရှိနေတာပဲ။
အဲဒါ သာသနာ တည်တယ်လို့ ခေါ်ရမှာလား။
ခေါ်လို့မရဘူးနော်။
တကယ့် သာသနာသည် ကိုယ့်ရဲ့ရင်ထဲ၊
နှလုံးသားထဲမှာ တည်တယ်။
ကိုယ်တိုင် ကျင့်သုံးမှ ကိုယ့် သာသနာ။
ဒါကြောင့်မို့ ဒီကနေ့ မှတ်ဖို့ ရာက
ရင်ထဲက သာသနာ မပျောက်စေနဲ့။
အပြင်က သာသနာက ကိုယ်နဲ့ ဆိုင်ချင်မှ ဆိုင်မယ်။
ကိုယ့် ရင်ထဲက သာသနာ
ကိုယ်မပျောက်ဖို့ အရေးကြီးတယ်။
မြတ်စွာဘုရား ဓမ္မတွေ
ကိုယ်ဘယ်လောက် လိုက်နာ ကျင့်သုံးသလဲ
ဆိုတဲ့ အပေါ်မှာ မူတည်တယ်။
(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာန အရှင်န္ဒမာလာဘိဝံသ
လေးစားလျှက်🙏
မေတ္တာဖြင့်....
#crd

image