𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ရဲ့ အံ့ဖွယ်စွမ်းအားများ ✨

‎‌နေ့စဉ်ဘဝမှာ ကြားသိနေရတဲ့ သီချင်းသံ၊ စကားသံ၊ သဘာဝတရားရဲ့ အသံတွေ စတဲ့ အသံအမျိုးမျိုးဟာ လူတွေရဲ့ စိတ်ခံစားမှု၊ ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်အပေါ် သက်ရောက်မှုတွေ ရှိပါတယ်

‎ဒီအသံတွေထဲမှာမှ လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးပြုနိုင်တဲ့ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 က ဘာလဲဆိုတာ ပြောပြချင်ပါတယ် . . .

‎𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ဆိုတာ ရိုးရိုးလေးပြောရရင် အသံလှိုင်းတွေ၊ တုန်ခါမှုတွေ (Vibrations) ကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ်ကို ပြန်လည်ချိန်ညှိပေးတဲ့ ရှေးကျတဲ့ ကုထုံးတစ်ခုပါ ✨

‎အခုခေတ်မှာတော့ သိပ္ပံနည်းကျ ပိုမိုနားလည်လာပြီး ပိုမိုစနစ်တကျ အသုံးပြုလာကြတာဖြစ်ပါတယ် ✅

‎ခေတ်ကာလရဲ့ ဖိစီးမှုဒဏ်ကို ခံစားနေရသူတွေအတွက် 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ဟာ စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှု ဟော်မုန်းတွေ (Cortisol) ကို လျှော့ချပေးနိုင်ပါတယ် 📉

‎စိတ်ခံစားမှုတွေကို ဟန်ချက်ညီစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ နာကျင်မှုတချို့ကို သက်သာစေကာ အာရုံစူးစိုက်မှုနဲ့ ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ် . . .

‎𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 က ဘယ်လို လက်တွေ့ကျကျ အကျိုးပြုလဲဆိုတာကို သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 မှာ အသုံးပြုတဲ့ တုန်ခါမှုတွေက ဦးနှောက်လှိုင်းတွေ (Brainwaves) ကို ပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ် 📑

‎ဒါ့အပြင် လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ ရေ ၇၀% ကျော် ပါဝင်ပြီး အသံလှိုင်းတွေက ဒီရေ Molecule တွေနဲ့ ခန္ဓာကိုယ်ဆဲလ်တွေကို တုန်ခါစေပြီး ပိတ်ဆို့နေတာတွေကို ဖွင့်ထုတ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ် . . .

‎𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 က Parasympathetic Nervous System လို့ခေါ်တဲ့ အနားယူခြင်းနဲ့ အစာချေဖျက်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အာရုံကြောစနစ်တစ်ခုကို ထိန်းချုပ်တာလှုံ့ဆော်ပေးတာကြောင့် Stress ကို လျှော့ချပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ် ✅

‎ဒါဆိုရင် 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 အတွက် ဘယ်လို အသံကိရိယာတွေ အသုံးများကြလဲ ❔

‎အသံပစ္စည်းကိရိယာ၊ တူရိယာတွေ အများကြီးရှိတဲ့အထဲ အသုံးများတာတွေက -
‎• Singing Bowls (Tibetan Bowls, Crystal Bowls)
‎• Gongs
‎• Tuning Forks
‎• Chimes
‎• Drums စတာတွေပဲ ဖြစ်ပါတယ်

‎𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 ဆိုတာ 𝐘𝐨𝐠𝐚 ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Meditation နဲ့လည်း အင်မတန်နီးစပ်ပါတယ် 🧘🏻‍♀️

‎ယောဂကျင့်စဉ်တွေမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို ပေါင်းစည်းပြီး အတွင်းစိတ်ငြိမ်းချမ်းမှုကို ရှာဖွေရတဲ့အတွက် 𝐒𝐨𝐮𝐧𝐝 𝐇𝐞𝐚𝐥𝐢𝐧𝐠 က အသံရဲ့အကူအညီနဲ့ ဒီလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူမြန်ဆန်စေပါတယ် . . .

အသံလှိုင်းတွေက စိတ်ကို ငြိမ်သက်စေတဲ့အတွက် ယောဂကျင့်စဉ်ကနေ ရရှိတဲ့ အတွင်းအားနဲ့ ပေါင်းစပ်ပြီး စိတ်ဝိညာဉ်ကို ပိုမိုအားဖြည့်ပေးနိုင်တာမို့ ကိုယ့်ရဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအတွက် စမ်းသပ်ကြည့်သင့်ပါ‌တယ်နော် 🥰

Crd

image