𝐀𝐲𝐮𝐫𝐯𝐞𝐝𝐢𝐜 𝐃𝐨𝐬𝐡𝐚 မျှခြေနဲ့လူ ကျန်းမာပျော်ရွှင်တဲ့ ဘဝဆီသို့ ‌တက်လှမ်းအတူ ✨💭

𝐘𝐨𝐠𝐚 နဲ့ 𝐀𝐲𝐮𝐫𝐯𝐞𝐝𝐚 ဆိုတာ ရှေးအိန္ဒိယကနေ ဆင်းသက်လာတဲ့ ရိုးရာကျန်းမာရေးစနစ်တွေဖြစ်ပြီး ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ် သုံးခုပေါင်းစပ်ပြီး ကျန်းမာပျော်ရွှင်ဖို့ဆိုတဲ့ အခြေခံအပေါ်မှာ တည်ဆောက်ထားပါတယ် 🤗

အဲဒီအထဲမှာမှ 𝐀𝐲𝐮𝐫𝐯𝐞𝐝𝐢𝐜 𝐃𝐨𝐬𝐡𝐚 (၃) မျိုးအကြောင်းကို မျှဝေပေးသွားမှာပါ။

𝐃𝐨𝐬𝐡𝐚 ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သဘာဝစွမ်းအင်ကြီးတွေလို့ ပြောလို့ရပြီး ဒီစွမ်းအင်တွေက လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာရပ်တွေကို ပုံဖော်ပေးပါတယ် . . .

💛 လေနဲ့ ကောင်းကင်ဓာတ် (Ether) ကို ကိုယ်စားပြုပြီး လှုပ်ရှားမှု၊ ဖန်တီးမှု၊ စိတ်ကူးစိတ်သန်းတွေကို ထိန်းချုပ်တဲ့ 𝐕𝐚𝐭𝐚 𝐃𝐨𝐬𝐡𝐚

💙 မီးနဲ့ ရေဓာတ်ကို ကိုယ်စားပြုပြီး ဇီဝဖြစ်စဉ် (metabolism)၊ အစာချေဖျက်မှု၊ အပူချိန်တို့ကို ထိန်းချုပ်တဲ့ 𝐏𝐢𝐭𝐭𝐚 𝐃𝐨𝐬𝐡𝐚

❤️ မြေနဲ့ ရေဓာတ်ကို ကိုယ်စားပြုပြီး တည်ငြိမ်မှု၊ ခံနိုင်ရည်ရှိမှု၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကို ထိန်းချုပ်တဲ့ 𝐊𝐚𝐩𝐡𝐚 𝐃𝐨𝐬𝐡𝐚

ကျား၊ မ၊ လူမျိုး ဘယ်လိုပဲ ကွဲပြားနေပါစေ ဒီ 𝐃𝐨𝐬𝐡𝐚 (၃) မျိုးစလုံးရှိပေမဲ့ မွေးရာပါဖွဲ့စည်းပုံကတော့ ကွဲပြားတဲ့အတွက် လူတစ်ဦးချင်းစီမှာ 𝐃𝐨𝐬𝐡𝐚 တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးက ပိုမိုလွှမ်းမိုးနေတတ်ပါတယ် . . .

𝐃𝐨𝐬𝐡𝐚 မျှခြေဖြစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ 🤔

𝐀𝐲𝐮𝐫𝐯𝐞𝐝𝐚 ရဲ့ အခြေခံအယူအဆကတော့ 𝐃𝐨𝐬𝐡𝐚 တွေ မျှခြေဖြစ်နေမှသာ ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ် ကျန်းမာမယ်ဆိုတာပါပဲ . . .

𝐃𝐨𝐬𝐡𝐚 တွေ မျှခြေပျက်သွားပြီဆိုတာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတွေ စတင်ခံစားရတတ်တာကြောင့် 𝐃𝐨𝐬𝐡𝐚 မျှခြေဖြစ်အောင် ထိန်းသိမ်းဖို့ဆိုတာ ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ် 💯

မျှခြေဖြစ်အောင် ထိန်းသိမ်းဖို့အတွက်တော့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံ၊ စိတ်နေစိတ်ထားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ကိုယ့်ရဲ့ 𝐃𝐨𝐬𝐡𝐚 အမျိုးအစားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေထိုင်ခြင်းနဲ့ 𝐃𝐨𝐬𝐡𝐚 မျှခြေကို ထိန်းသိမ်းနိုင်ပါတယ် . . .

ဒီနေရာမှာ 𝐘𝐨𝐠𝐚 လေ့ကျင့်ခန်းတွေက 𝐃𝐨𝐬𝐡𝐚 မျှခြေဖြစ်ဖို့ အထူးအထောက်အကူပြုနိုင်ပြီး 𝐘𝐨𝐠𝐚 လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို သန်မာစေရုံသာမက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ် ✅

𝐃𝐨𝐬𝐡𝐚 အမျိုးအစားအလိုက် သင့်တော်တဲ့ Yoga လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ထဲက စွမ်းအင်စီးဆင်းမှုကို ကောင်းမွန်စေပြီး 𝐃𝐨𝐬𝐡𝐚 တွေကို မျှတအောင် ထိန်းညှိပေးနိုင်ပါတယ် . . .

Credit

image