ဝတဲ့သူတွေ ယောဂ ကျင့်လို့ရလား❔
~ အမျိုးသားတွေရော ယောဂ ကျင့်ရပါ့မလား❔

✅ရပါတယ်
“ယောဂဆိုတာ တကယ်တော့ လူတိုင်းအတွက်ပါ"
ဒီနေ့ခေတ်မှာ ယောဂဆိုတာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ တချို့တွေက "ယောဂက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သူတွေပဲ လုပ်လို့ရတာ၊ ငါနဲ့တော့ အဆင်ပြေမှာမဟုတ်ဘူး" ဆိုပြီး တွေးတတ်ကြပါတယ်။ တကယ်တော့ ယောဂက ဘယ်သူမဆို လုပ်လို့ရပါတယ်။

ယောဂကျင့်စဉ်ဆိုတာ ကိုယ်ခန္ဓာ၊ စိတ်နဲ့ ဝိဉာဉ်ကို တစ်ခုတည်း ပေါင်းစပ်ပေးတာပါ။ အဲ့ထဲမှာဆိုရင် ကိုယ်ဟန်အနေအထား (Asana) တွေ၊ မှန်ကန်တဲ့ အသက်ရှူနည်း (Pranayama) တွေနဲ့ စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်း (meditation) တွေ ပါပါတယ်။ ဒီအရာတွေက ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေရုံသာမက စိတ်ကိုပါ အေးချမ်းစေပါတယ်။

ယောဂမှာ ကိုယ်ခန္ဓာကြီးတာ၊ ပိန်တာ၊ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ အသက်ကြီးတာ၊ ငယ်တာ ဘာမှမဆိုင်ပါဘူး။ ကိုယ့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်လို့ရပါတယ်။ ဒါတွေသာမက ယောဂက ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် သင်ပေးတာပါပဲ။ ကိုယ့်ခန္ဓာကိုယ်ကို လက်ခံတတ်လာမယ်၊ ပိုပြီး သန်စွမ်းကျန်းမာလာမယ်၊ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။ ယောဂစတင်ဖို့အတွက် ခန္ဓာကိုယ် ပြောင်းလွယ်ပြင်လွယ်ရှိနေဖို့ မလိုပါဘူး။ ယောဂကျင့်ချင်စိတ် တစ်ခုတည်းသာ လိုအပ်ပါတယ်နော်✨
Namaste🕉️

#yogaforall
#manaradianceyoga

Credit

image