3 ပတ် - ဘာသာပြန်ပါ။

◾တောင်ကိုရီးယား၌ သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရမြန်မာသင်္ဘောသားနှစ်ဦးအနက်တစ်ဦး သေဆုံး

တောင်ရီးယားနိုင်ငံ၊ ဂယောင်းနမ်ပြည်နယ် ယောဆုမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရမြန်မာသင်္ဘောသားနှစ်ဦးအနက် တစ်ဦးသေဆုံးကြောင်း သေဆုံးသူမိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူမှာ အသက်(၃၀) ဝန်းကျင်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်သက်ပိုင်ဆိုသူဖြစ်ပြီး ဩဂုတ် ၁၆ ရက် နံနက်အစောပိုင်း သင်္ဘောမီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဘူဆန် မြို့ရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“အခု သူ့အမျိုးသမီးက ကိုရီးယားကိုလိုက်သွားတယ်။ အလောင်းကို ပြန်သယ်ဖို့ ညှိနှိုင်းနေတာရှိပေ မယ့် ဘယ်လိုဖြစ်လာမလဲတော့မသိရသေးဘူး” ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူတစ်ဦးက စံတော်ချိန် ဒစ်ဂျစ်တယ်သို့ပြောသည်။

ကိုအောင်သက်ပိုင်သည် မီးလောင်မှုဖြစ်ပွားရာတွင်ပါဝင်သည့် ကုန်စည် ၂၆၉၂ တန် ရေနံထွက်ကုန် ပစ္စည်းတင် သင်္ဘောပေါ်တွင်လိုက်ပါခဲ့သူဖြစ်ကြောင်း သိရသည်။

ကိုအောင်သက်ပိုင်နှင့်အတူ ဒဏ်ရာရခဲ့သည့် အခြားမြန်မာသင်္ဘောသားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်မှုမရှိသဖြင့် ဆေးရုံတက်ကုသရန်မလိုအပ်ကြောင်းသိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးနေဆဲဖြစ်၍ တောင်ကိုရီးယားဆိပ်ကမ်းအာဏာပိုင်များက အဆိုပါ သင်္ဘောအမည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိကြောင်း နိုင်ငံတကာသတင်းများကရေးသားကြသည်။

အဆိုပါ သင်္ဘောသည် ယောဆုမြို့ရှိ မြောက်ဘက်ဆိပ်ကမ်းသစ်၌ ကျောက်ချရပ်နားထားစဉ် ဩဂုတ် ၁၆ ရက် နံနက် ၁ နာရီကျော်တွင် ဘေးချင်းယှဉ်ရပ်ထားသည့် ၂၄ တန် ကုန်တင်သင်္ဘောနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်က ၂၆၉၂ တန် သင်္ဘောပေါ်တွင် သင်္ဘောသား စုစုပေါင်း ၁၄ ဦး၊ ဓာတုပစ္စည်းတန် ၂၅၀၀ နှင့် ရေနံတန် ၁၀၀ ပါရှိပြီး ၂၄ တန်ကုန်တင်သင်္ဘောပေါ်တွင်မူ သင်္ဘောသား လေးဦးပါရှိကြောင်း တောင်ကိုရီးယား ပြည်တွင်းသတင်းများကဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် သင်္ဘောနှစ်စီးကြား ဓာတုပစ္စည်းများ လွှဲပြောင်းမှုရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်း လင်းမသိရသေးပေ။

သင်္ဘောနှစ်စီးမီးလောင်မှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးအဖွဲ့များက ၂၄ တန် ကုန်တင်သင်္ဘောမှ အသက်(၅၀)ဝန်းကျင်အရွယ် မာလိန်မှူးကို မေ့မျောနေသည့် အခြေအနေဖြင့် တွေ့ရှိကာ ဆေးရုံပို့ဆောင်ခဲ့သော်လည်း လမ်းတွင်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ သင်္ဘောနှစ်စင်းအားစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ကာ မီးလောင်မှုဖြစ်ပွားစေသည့် အ ကြောင်းအရင်းကို ထုတ်ပြန်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

image