3 ပတ် - ဘာသာပြန်ပါ။

◾️အားကောင်းသောလေဖိအားနည်းရပ်ဝန်း လာမည့် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၁၈ ရက်)နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း၊ မနက်ဖြန်(သြဂုတ် ၁၉ ရက်)တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
“တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှစ်ခု ကုန်းတွင်းဝင် ရောက်ပြီး နောက် ၄၈ နာရီအတွင်းသြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့တွင်သာမိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင်မိုးအနည်းငယ်မှမိုးအသင့်အတင့်ရွာသွန်းနိုင်ပါမည်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ခန့်မှန်းထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း၊ ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့မွန်းတည့်မှနောက် ၂၄ နာရီအတွင်းလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image