#ပဲပြားအစာသွပ်
ပဲပြားအစာသွပ်
ပဲပြားများကို ရေအသာဆေးပြီး တြိဂံပုံစံ လေးများပိုင်း၍ ဆီပူပူတွင် ရွှေရောင်သန်းလာသည်အထိ ကြော်ထားပါ။ ကြက်သွန်ဖြူဆီချက် ချက်ထားပါ။ မကျည်းသီးမှည့် အရည်စိမ်ထားပါ။ ပဲပြားကို အလယ်မှဓားနှင့် အသာခွဲကာ အဆင်အသင့်ပါးပါးလှီးထားသော ဂေါ်ဖီ၊ကြက်သွန်နီ၊ရှောက်ရွက် (သို့) နံနံပင်၊ငရုတ်သီးစိမ်း တို့ကို အနည်းငယ်စီ ထည့်ပါ။ ပြီးနောက် ပုစွန်ခြောက်မှုန့်၊ပဲအကျက်မှုန့်၊ငံပြာရည်၊မကျည်းရည်၊ ကြက်သွန်ဖြူဆီချက် တို့ကို အနည်းငယ်စီထည့်ကာ အရသာကောင်းမွန်သော ချဉ်ငံစပ် ပဲပြားအစာသွပ်လေး သုံးဆောင်လို့ ရပါပြီရှင်။

image