9 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၉၉ ဦး ကော့သောင်းသို့ ပြန်ပို့
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား ၉၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိ ဦးမိုးဇော် ဦးဆောင်၍ ဩဂုတ် ၁၅ ရက်က ရနောင်း ပဲ့ချိတ်စက်လှေခုနစ်စင်းဖြင့် မြို့မှ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေရာမှ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား အမျိုးသား ၈၄ ဦး၊ အမျိုး သမီး ၁၅ ဦး စုစုပေါင်း ၉၉ ဦးတို့အား ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းအပ် နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ဝန်ထမ်းများကလည်း ပြန်လည်ဝင်ရောက်လာသူများအနက် မှတ်ပုံတင်ရှိပြီးသူများကို စမတ်ကတ်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်ရှိ နဝရတ် အားကစားခန်းမသို့ ပို့ဆောင်ကာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ် (၁၉) ရောဂါပိုးကူးစက်ခံရမှုရှိ၊မရှိ စစ်ဆေးခြင်း၊ တာဝန်ရှိသူများက ကိုယ်ရေး အချက်အလက်များရယူခြင်း၊ အမည်မည်းစာရင်းတွင် ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊ တရားခံပြေးများ ပါဝင်လာခြင်း ရှိ၊ မရှိကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

image