#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းသမ္မတဇီလန်စကီး အမေရိကန်သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်
ယူကရိန်းသမ္မတဇီလန်စကီးသည် ဩဂုတ် ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော်သို့သွားရောက်၍ အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ အလာစကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် ယူကရိန်းသမ္မတဇီလန်စကီးက စီစဉ်ထားခြင်းဖြစ်သည်။
အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့၏ အလာစကာထိပ်သီးဆွေးနွေးပွဲသည် သုံးနာရီနီးပါးကြာမြင့်ခဲ့သော်လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ မည်သည့်သဘောတူညီချက်မျှ ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။
သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှား သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် သမ္မတဒေါ်နယ်ထရန့်က အဆိုပြုထားရာ ယင်းအဆိုပြုချက်ကို မိမိထောက်ခံကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြောကြားထားသည်။
ဒေါ်နယ်ထရန့်နှင့် ပူတင်တို့၏ ဩဂုတ် ၁၅ ရက် အလာစကာထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီးသည် သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၉ဝ ကြာ ဖုန်းခေါ်ဆိုဆွေး နွေးခဲ့သည်။
ဒွန်းနက်စ်ဒေသတစ်ခုလုံးကို ယူကရိန်းနိုင်ငံက စွန့်လွှတ်ပေးခဲ့ပါက အခြားရှေ့တန်းစစ်မျက်နှာ အများစု၌ စစ်ဆင်ရေးများ ရပ်ဆိုင်းပေးမည်ဖြစ် ကြောင်း ရုရှားသမ္မတပူတင်က အလာစကာထိပ် သီးညီလာခံတွင် အဆိုပြုထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အလာစကာထိပ်သီးညီလာခံ ပြီးဆုံးပြီးနောက် အခြားဥရောပမဟာမိတ်နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း ဖုန်းခေါ်ဆိုဆွေးနွေးခဲ့သည်။
ရိုက်တာ

image