9 w - Translate

MacBook Air က $999 ဆိုတော့ သိန်း ၄၀ ကျော်မှာရှိတယ် အခု MacBook က ဒီစျေးထက်သက်သာမယ်တဲ့
$699 လောက်ကနေစမယ်တဲ့ Air ထက် $300 လောက် သက်သာမယ့် သဘောပဲ
စျေးသက်သာရတာကလည်း M Series Chipset တွေအစား iPhone တွေရဲ့ A18 Pro SoC ကိုသုံးပေးထားမှာကြောင့်လို့ပြောတယ် A18 Pro ဆိုတာလက်ရှိ iPhone 16 Pro တွေရဲ့ SoC ပဲ
Screen Size ကလည်း 12.9 Inch လို့ပြောတယ် 13.6-inch Air ထက်တော့ နည်းနည်းသေးမယ်ပေါ့
တခြား 120Hz လို ဘာညာတွေ မမျော်နဲ့ $999 တန် MacBook Air တောင် LCD + 60Hz Display ပဲပါတာပါ
စိတ်ဝင်စားဖို့ကောင်းတာဆိုရင် RAM + Feature ပိုင်းပဲ
A18 Pro ဆိုတာ iPhone 16 Pro ရဲ့ SoC ဖြစ်တယ် RAM က 8GB ပဲပါတာ Customized ပြီး RAM 16GB လောက် Apple ထည့်ပေးပါ့မလားက စိတ်ပူစရာပဲ
နောက်တစ်ခုက Touch ID လို Feature မျိုးကို ဖြုတ်လာမလားဆိုတာမျိုးတွေအထိ စဉ်းစားမိတယ် ဥပမာ MagSafe မပါတာမျိုးတွေအထိပေါ့
Apple ဆိုတော့ စျေးသက်သာတယ်ဆိုရင် ဝိတ်လျှော့ကို​လျှော့မှာပါ

image