ကိုရီးယားတွင် ရေနံတင်သင်္ဘောမီးလောင်ပြီး မြန်မာသင်္ဘောသား၂ဦး မီးလောင်ဒဏ်ရာရ
တောင်ကိုရီးယားနိုင်ငံ၊ ယောစုမြို့၊ ရှင်းဘွတ်ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားတဲ့ ရေနံတင်သင်္ဘောတစ်စင်း ဩဂုတ်၁၆ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး မြန်မာသင်္ဘောသား၂ယောက် မီးလောင်ဒဏ်ရာရသွားတယ်လို့ တောင်ကိုရီးယားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တန်ချိန်၂၆၀၀ရှိတဲ့ ရေနံတင်သင်္ဘောရဲ့ ၂၄တန်ရှိတဲ့ ရေနံအခန်းကနေ မီးလောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် အသက်၅၀ခန့်အရွယ်ရှိတဲ့ ကပ္ပတိန် မီးလောင်သေဆုံးသွားပြီး ကပ္ပတိန်ဟာ ဘယ်နိုင်ငံသားလဲဆိုတာကိုတော့ ဖော်မပြထားပါဘူး။
ဒါ့အပြင် သင်္ဘောသား၁၅ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက မြန်မာသင်္ဘောသားနှစ်ယောက်ဟာ မီးလောင်ဒဏ်ရာတွေရရှိထားတာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်
#realnews #news #crd #korea
