9 ပတ် - ဘာသာပြန်ပါ။

မြောက်မာစီဒိုးနီးယားနိုင်ငံရဲ့ မြို့တော် စကော့ပ်ယေ (Skopje) မှာရှိတဲ့ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်ရုံမှူးအဖြစ်လုပ်ကိုင်တဲ့ ရစ်စ်တေးထရာ့ဂျ်ကော့ဗ်စကီး (Riste Trajkovski) နဲ့ သစ်ကုလားအုတ်မလေး ဖလော်ပီ (Floppy) တို့ဟာ နှစ်ပေါင်းများစွာကြာအောင် နီးကပ်စွာနေထိုင်ရင်း ထူးခြားတဲ့ ချစ်ခြင်းမေတ္တာနှောင်ဖွဲ့မှုကို ဖန်တီးခဲ့ကြပါတယ်
ရစ်စ်တေး ဟာ တိရစ္ဆာန်ရုံမှူးဖြစ်တဲ့အတွက် ဖလော်ပီကို နေ့စဉ်နဲ့အမျှ ဂရုစိုက်စောင့်ရှောက်ပေးခဲ့ပါတယ် ဖလော်ပီ ဟာ ငယ်ငယ်ကတည်းက အဖော်ကင်းမဲ့နေတဲ့ သစ်ကုလားအုတ်လေးဖြစ်ပြီး သူ့ကို အချိန်ပေးပြီး အမြဲထိတွေ့ဆက်ဆံပေးတဲ့ ရစ်စ်တေးကို အထူးတွယ်တာခဲ့ပါတယ်
ရစ်စ်တေးကလည်း ဖလော်ပီကို နေ့တိုင်း စကားပြောပေးတာ၊ ပွတ်သပ်ပေးတာ စတဲ့ အပြုအမူတွေကနေတစ်ဆင့် သူတို့ရဲ့နှောင်ကြိုးဟာ တဖြည်းဖြည်းနက်ရှိုင်းလာခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ ခွဲလို့မရတဲ့ သူငယ်ချင်းတွေလို ဖြစ်လာခဲ့ကြပြီး အပြန်အလှန်ချစ်ခင်မှုနဲ့ ယုံကြည်မှုတွေဟာ ဆယ်စုနှစ်တစ်ခုကျော်အထိ တည်မြဲနေခဲ့ပါတယ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာတော့ ကံဆိုးစွာဘဲ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရစ်စ်တေးဟာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ် သူ့ရဲ့ရုပ်အလောင်းကို နောက်နေ့မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ကွယ်လွန်ရတဲ့အကြောင်းရင်းကိုတော့ အတိအကျ မသိခဲ့ရပါဘူး
ရစ်စ်တေး ကွယ်လွန်ပြီး နာရီအနည်းငယ်အကြာမှာဘဲ သူ့ရဲ့သူငယ်ချင်း သစ်ကုလားအုတ်မလေး ဖလော်ပီဟာလည်း အသက်ရှုရပ်သွားခဲ့ပါတယ် အံ့ဩစရာကောင်းတာက ဖလော်ပီရဲ့ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ပါဘူး
တိရစ္ဆာန်ရုံက ဝန်ထမ်းတွေနဲ့ လူအများစုကတော့ ဒီဖြစ်ရပ်ကို သိရတဲ့အခါ ဖလော်ပီဟာ သူ့ကိုချစ်ခင်စောင့်ရှောက်တဲ့ ရစ်စ်တေးမရှိတော့လို့ စိတ်ထိခိုက် ဝမ်းနည်းမှုကြောင့် ေxသဆုံးသွားတာဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်
ဒီဇာတ်လမ်းဟာ လူနဲ့တိရစ္ဆာန်ကြားက မေတ္တာနှောင်ကြိုးဟာ ဘယ်လောက်အထိ နက်ရှိုင်းပြီး အဓိပ္ပာယ်ရှိနိုင်တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ် ဒါဟာ တိရစ္ဆာန် တွေနဲ့ပတ်သက်ပြီး အမှတ်ရစရာ နဲ့ ထိခိုက်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image