9 ပတ် - ဘာသာပြန်ပါ။

"စကြာဝဠာရဲ့ ပထမဆုံး အိုင်ယွန်း ကို ပညာရှင်တွေပြန်လည်ဖန်တီးနိုင်ခဲ့ပြီ "
Helium Hydride Ion (HeH+) ကို စကြဝဠာကြီး စတင်ဖြစ်ပေါ်ပြီးနောက် ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးအဖြစ် သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
အခုတော့ ဒီ မော်လီကျူး ကို ဓာတ်ခွဲခန်းထဲမှာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါပြီ။သိပ္ပံပညာရှင်တွေဟာ စကြဝဠာရဲ့ အစောပိုင်း အခြေအနေတွေကို ပိုမိုနားလည်ဖို့အတွက် HeH+ အိုင်းယွန်းကို ဓာတ်ခွဲခန်းထဲမှာ အောင်မြင်စွာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံက Max Planck Institute for Nuclear Physics ရဲ့ သိပ္ပံပညာရှင်တွေဟာ Cryogenic Storage Ring (CSR) လို့ခေါ်တဲ့ အထူးပစ္စည်းကို အသုံးပြုပြီး နက်ရှိုင်းတဲ့ အာကာသထဲကလို အလွန်အေးပြီး လေဟာနယ်ဖြစ်တဲ့ အခြေအနေတွေကို တူညီအောင် ဆောင်ရွက်ခဲ့ပါတယ်။ဒီအခြေအနေကနေတဆင့် အခုလို စကြာဝဠာရဲ့ ပထမဆုံး မော်လီကျူးကို ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
HeH+ Ion ဆိုတာ ဘာလဲ?
Helium Hydride Ion (HeH+) ဆိုတာ ဟီလီယမ် (He) အက်တမ်တစ်လုံးနဲ့ ဟိုက်ဒရိုဂျင် (H) အက်တမ်တစ်လုံးတို့ ပေါင်းစပ်ထားပြီး သူ့မှာ အီလက်ထရွန်တစ်လုံး လျော့နေတဲ့အတွက် အပေါင်းလျှပ်စစ်ဓာတ် (positive charge) ဆောင်နေတဲ့ အိုင်းယွန်း (ion) တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတုဗေဒပုံသေနည်းကတော့ HeH+ ဖြစ်ပါတယ်။ ပရိုတွန် (proton) တစ်လုံးနဲ့ ပေါင်းစပ်ထားတဲ့ ဟီလီယမ်လို့လည်းတွက်နိုင်ပါတယ်။
Big Bang ဖြစ်ပြီး ပထမဆုံး စက္ကန့်ပိုင်းတွေအတွင်းမှာ စကြဝဠာဟာ အရမ်းပူပြီး အရမ်းသိပ်သည်းလွန်းတာကြောင့် မော်လီကျူးတွေ မတည်ရှိနိုင်သေးပါဘူး။
အဓိကအားဖြင့် ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် နျူကလီးယပ်တွေ (nuclei) ပဲ ရှိနေခဲ့ပါတယ်။ နှစ်ပေါင်း ၃၈၀,၀၀၀ လောက် ကြာပြီးနောက်မှာတော့ စကြဝဠာရဲ့ အပူချိန်ဟာ ၄၀၀၀ Kလောက်အထိ အေးလာပါတယ်။
ဒီလို အပူချိန်ကျဆင်းလာတဲ့အခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် အက်တမ်တွေဟာ လွတ်လပ်နေတဲ့ အီလက်ထရွန်တွေနဲ့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးကတော့ HeH+ ပဲ ဖြစ်ပါတယ်။ ဒါက စကြဝဠာထဲမှာ Chemical reaction လို့ခေါ်တဲ့ ဓာတုဗေဒပေါင်းစပ်မှုတွေ စတင်ခဲ့ပြီဆိုတာကို ပြသတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ HeH+ တွေ ပေါ်လာပြီးနောက်မှာ ဒီမော်လီကျူးတွေဟာ ပတ်ဝန်းကျင်က ဟိုက်ဒရိုဂျင်အက်တမ်တွေနဲ့ ထပ်မံဓာတ်ပြုပြီး မော်လီကျူး ဟိုက်ဒရိုဂျင် (H2​) ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ H2​ မော်လီကျူးတွေကတော့ နောက်ပိုင်းမှာ ပထမဆုံး ကြယ်တွေ ဖြစ်လာဖို့အတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ဂျာမနီက ပညာရှင်တွေက ဒီမော်လီကျုးကိုဓာတ်ခွဲခန်းထဲမှာပြန်လည်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

image