9 ပတ် - ဘာသာပြန်ပါ။

ကိုယ့်ရဲ့ မိခင်ကို ဒီစကား လေးခွန်း
ဘယ်တော့မှ မပြောမိစေနဲ့ ။
တကယ်လို့ မင်းဆီမှာ အမေ ရှိသေးတယ်ဆိုရင်
မင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကုသိုလ်ကံ
အ‌ကောင်းဆုံးလူလို့ မင်းကိုမင်း သတ်မှတ်လိုက်ပါ ။
တကယ်လို့ မင်းဟာ မင်းရဲ့ မိခင်ကို အောက်ပါ
စကား လေးခွန်း ပြောခဲ့တယ် ဆိုရင် မင်းဟာ
အလွန်ကြီးမားတဲ့ အပြစ်ကြူးလွန်လိုက်တာဖြစ်တယ်။
၁ ။ အမေက ကျနော် ကျမတို့အတွက် ဘာများ
လုပ်ပေးခဲ့သလဲ ၊ ဘာများ လုပ်ခဲ့လို့လဲ ?
ဒီစကားက မိခင်ရဲ့ ရင်ထဲကို မြှားတစင်း နက်နက်ရှိုင်းရှိုင်း
စူးဝင်သွားသလို ခံစားရတဲ့ စကားဖြစ်တယ် ။
ဘာလုပ်ခဲ့သလဲဆိုရင် ဒီမိခင်က မင်းအတွက် သက်တမ်း
တခုလုံး ဘဝတခုလုံးအတွက် ဘယ်လို အဘိုးအခမှ မယူဘဲ ၊
ပုံအောပေးခဲ့တယ် ၊ အဲ့လိုပြောတဲ့ စကားက မိခင်ကို
အကြီးအကျယ် စော်ကားလိုက်တာဘဲ။
၂ ။ အမေ အမေက ဘာလုပ်တတ်လို့လဲ ? မပြောနဲ့ ။
အဲ့ဒီအမေက မင်းကို စကားပြောတတ်အောင် ၊ လမ်း
လျှောက်တတ်အောင် ၊ ထမင်း စားတတ်အောင် သင်
ပေးခဲ့တဲ့ အမေဖြစ်တယ် ။
အဲ့လို ပြောခြင်းက ဘာနဲ့တူသလဲဆိုရင် ၊ နေဝန်းကြီးကို
အလင်းရောင် မပေးတတ်ဘူးလို့ ပြောနေသလိုဘဲ ။
မိခင်ဖြစ်သူက ဒီခေတ် ဒီအခါရဲ့ တတ်နောလော်ဂျီ ပညာ
ရပ်ကို မသိဘူးဆိုတာ ဖြစ်နိုင်ပေမဲ့လည်း မင်းရဲ့ ဒုက္ခ
သောကတွေကို မင်း ဖွင့်မပြောလည်း သိတဲ့သူပါ ။
၃ ။ အမေက ကျနော်ကျမကိုဘဲ အမြဲတမ်း တတွတ်တွတ်
နဲ့ အပြစ်ပြောနေတာဘဲ ?
အဲ့ဒါ တတွတ်တွတ်နဲ့ အပြစ်ပြောနေတာမဟုတ်ဘူး ၊
မိခင်ရဲ့ အချစ်စိတ်ကြောင့်သတိပေး‌နေတာ ၊ မိခင်က
မင်း လမ်းလွဲ လမ်းမှား မှာ စိုးရိမ်လို့ ‌သတိပေးနေတာ။
၄ ။ အမေက ကျနော်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမှာ
မစွက်ဖက်ပါနဲ့ ၊ ကျနော်ဘဝ ကျနော်ပြဿနာမှာ ဝင်ပြီး
မရှုပ်ပါနှင့် ။
မင်းရဲ့ အသက်ရှူမှုတိုင်းက အမေကြောင့်ဖြစ်လာတာ ၊
အသက်ရှူမှုတိုင်းက အမေနဲ့ ပတ်သက်တယ်၊ဆက်နွယ်တယ်၊
မိခင်ဆိုတာက မွေးရုံ ကျွေးရုံ ကြည့်ရုံ သက်သက်မဟုတ်ဘူး
မိခင်ဆိုတာ မင်းတို့အတွက်သာ အသက်ရှင်နေရသူဖြစ်တယ်။
မိခင်မရှိတော့တဲ့တနေ့ သဘောပေါက်လာလိမ့်မယ် ၊တန်ဘိုး
သိလာလိမ့်မယ် ။။ မိခင်ဖြစ်တဲ့တနေ့ မိဘဖြစ်တဲ့တနေ့ တန်ဘိုး သိလာလိမ့်မယ် ။
တလောကလုံးမှာ အမှန်ကန်ဆုံးအချစ် ၊ တန်ဘိုးအကြီးဆုံးအချစ် ၊ အမြင့်မြတ်ဆုံး အဖြူစင်ဆုံး အသန့်ရှင်းဆုံးအချစ် ဘယ်သူ့အချစ်လည်းဆိုတာ သိသွားလိမ့်မယ် ။
Farooq Azam

image