❝ဘုရားရှိခိုး၊ ပုတီးစိပ်၊မေတ္တာပို့ရုံနဲ့တင် ရောင့်ရဲမနေနဲ့❞
🪷အပါယ်တံခါး ထာဝရပိတ်သွားတယ်ဆိုတာ အနည်းဆုံး သောတာပန်ဖြစ်ပါမှ ဖြစ်မယ်။
သောတာပန်ဖြစ်သွားရင်ပဲ
အပါယ်မျိုးစေ့ ပျက်စီးသွားပြီ။
🪷ရင်ထဲမှာ လုံးဝကင်းရှင်းသွားအောင်ကို
မဂ်က ရှင်းလိုက်တာ ။ ဘယ်တော့မှ
အပါယ်မကျတော့ဘူး။
🪷ဒါကြောင့် ဒါနကုသိုလ်နဲ့လည်း မကျေနပ် ပါနဲ့။
သီလကုသိုလ်နဲ့တင် အားရမနေနဲ့။
🪷ဘုရားရှိခိုး၊ ပုတီးစိပ်၊ မေတ္တာပို့ရုံနဲ့တင်
တင်းတိမ် ရောင့်ရဲမနေနဲ့။
🪷ဝိပဿနာပွားများပြီး မဂ်ဥာဏ်ရမှ စိတ်အေးရမှာပါ။
❝ ကိုယ့်တရားက စောင့်ရှောက် ❞
"ဓမ္မောဟဝေ ရက္ခတိဓမ္မစာရီ"
🪷ဘဝမှာ အစောင့်အရှောက်ကောင်းကောင်းလိုချင်တယ်ဆိုရင် တရားရှာရပါမယ်။အားကိုးအားထားရာ အစစ်အမှန်ကိုရှာမယ်ဆိုရင် တရားရှာရပါမယ်။
🪷အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်း တရားတွေနဲ့ တွေ့ကြုံလာချိန်မှာ တရား ရှိသူနဲ့ တရားမရှိသူ ဘယ်နည်းနဲ့မှ မတူနိုင် ပါဘူး။
🪷ကိုယ်ကျင့်ထားတဲ့တရား၊ ကိုယ့်မှာရှိတဲ့ တရားကမှ ကိုယ့်ကိုပြန်ပြီး စောင့်ရှောက်လို့ ရမှာပါ။
❝ အမြင်မှား ❞
🪷ပစ္စည်းဥစ္စာဆိုတာ ကံပေးတဲ့အချိန်အခါမှာ ရလာတာမျိုးပါအကြောင်းကံတွေ ကောင်းလာတဲ့အချိန်မှာကိုယ့်လက်ထဲကို ရောက်လာခဲ့တယ်။
🪷ကံအကြောင်းတရားတွေ ပြောင်းလဲသွားပြီ ဆိုရင် ဒီပစ္စည်းဥစ္စာတွေသည် ကိုယ့်လက် ကနေ တစ်ခြားသူလက်ကို ပြောင်းသွားပါ တယ်။
🪷ကိုယ့်ဆီရောက်လာတော့လည်း သူများ
လက်ထဲကနေ ကိုယ့်ဆီ ရောက်လာတာပါအဲဒီလိုပဲ ကိုယ့်ဆီကနေပြီးတော့လည်းသူများလက်ထဲ ပြန်ရောက်သွားတတ် ပါတယ်။
🪷တစ်ယောက်ပြီးတစ်ယောက် တစ်ဦးပြီး တစ်ဦး လက်ကူး၊ လက်ပြောင်းပြီးတော့
ခေတ္တခဏ ပိုင်ဆိုင်နေကြရတာမျိုးပါ ။
🪷တကယ်တမ်း တစ်ဦးတည်း ပိုင်တယ်ဆိုတာဘုန်းကြီးတို့ ပရိတ်သတ်မှာ မရှိပါဘူး...
တစ်ခါတစ်ခါ ဘုန်းကြီးစဉ်းစားမိတယ်
ကိုယ်ပိုင်မြေ၊ကိုယ်ပိုင်အိမ်လို့သာပြောတယ်
🪷လူသားတွေနေကြတဲ့ ကမ္ဘာမြေဆိုတာ
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းကဖြစ်တည်ခဲ့တဲ့ အရာဝတ္ထုပါ...
ဒီ🪷မြေကြီးပေါ်မှာ နေသွားကြတဲ့သူတွေ
ကိုယ့်ရှေ့က ဘယ်နှစ်ယောက်နေသွားပြီးပြီ ဘယ်နှစ်ဆက်နေသွားပြီးပြီ ဆိုတာ မှန်းဆ လို့ တွက်လို့တောင်မှ မသိရပါဘူး … ။
🪷ကိုယ်နေတဲ့မြေပေါ်မှာ လူသားတွေ
ဘယ် နှစ်ဆက်နေလို့ ဘယ်နှစ်ဆက် သေသွားကြပြီဆိုတာ ရေတွက်လို့တောင် နိုင်မှာမဟုတ်ပါဘူး။
🪷အခုလည်း `ငါပိုင်တယ်၊ ငါပိုင်တယ်´ လို့ ပြောနေတယ်ငါ့ရဲ့ကိုယ်ပိုင်၊ငါ့ရဲ့ကိုယ်ပိုင်လို့ပြောနေတယ်
🪷ပြောရင်းပြောရင်း ကနေပြီးတော့
နောက်နှစ်ငါးဆယ်၊တစ်ရာကျလို့ရှိရင်
ကိုယ်လည်းပဲ ဒီမြေပေါ် ၊ ဒီအိမ်ပေါ် ရှိဦးမလားဆိုရင် မရှိနိုင်တော့ဘူး။
နောက်တစ်ယောက် ပြောင်းလာမှာ၊
ရောက်လာမှာပါပဲ...။
🪷အဲဒီလို တစ်ယောက်ပြီးတစ်ယောက်
လက်ဆင့်ကမ်းပြီး ၊လက်ဆင့်ပြောင်းပြီး သွားနေတဲ့ ပစ္စည်းဥစ္စာတွေကို ငါပိုင်တယ် လို့ မြင်နေရင် အမြင်မှားသာ ဖြစ်ပါလိမ့် မယ် ....။
❝ ငါနဲ့ ငါသာ ယှဉ်ပြိုင်ပါ ❞
🪷သူများနဲ့ ယှဉ်ပြိုင်တယ်ဆိုတာ
မပြိုင်တတ်ရင် အန္တရာယ်ကြီးပါတယ်။
အကောင်းဆုံးကတော့` မနေ့က ငါနဲ့
ဒီနေ့ငါဘယ်သူသာသလဲ ´ လို့
ပြိုင်တာပဲ ကောင်းပါတယ်။
`🪷ငါ့မှာသီလသမာဓိပညာတွေ ဘယ်လောက် တိုးတက်လာသလဲ။ လောကီ လောကုတ္တရာအရည်အချင်းတွေ ဘယ်လောက်တိုးတက်အောင်
ဆည်းပူနိုင်ခဲ့သလဲ။
🪷ကုသိုလ်ကောင်းမှုတွေ အရင်နဲ့ အခုဆို
ဘယ်အတိုင်းအတာထိတိုးတက်ပြီလဲ ´ လို့ယှဉ်ကြည့်တာ ပြိုင်ကြည့်တာ မလွဲမှားနိုင်၊ မချွတ်ချော်နိုင်တဲ့ ယှဉ်ပြိုင်မှုပါ။
#အသိပညာဗဟုသုတတိုးပွါးကြပါစေ
#yyo
✰ ဒီလိုပြိုင်ပွဲမျိုးက မကြာခဏပြိုင်ရမယ့် ပြိုင်ပွဲပါ။
【 ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရ 】
