12 ပတ် - ဘာသာပြန်ပါ။

ကစားသမားသစ် နှစ်ဦးကို နော်တင်ဟမ်
ဖောရက်စ်အသင်း တစ်ပြိုင်တည်း ခေါ်ယူ
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အင်္ဂလန်လူငယ်ကစားသမား နှစ်ဦးဖြစ်တဲ့ မန်စီးတီးအသင်းက မက္ကတီးနဲ့ အစ်ဝစ်ချ်အသင်းက ဟတ်ချင်ဆန်တို့ကို တစ်ပြိုင်တည်း ခေါ်ယူ
ခဲ့ပါတယ်။
ဒီကစားသမား နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၅
ဥရောပ ယူ-၂၁ ပြိုင်ပွဲချန်ပီယံ အင်္ဂလန်အသင်းသားတွေလည်း ဖြစ်ခဲ့တယ်။
နော်တင်ဟမ်အနေနဲ့ တောင်ပံကစားသမား ဟတ်ချင်ဆန်(၂၁ နှစ်)အတွက် ပေါင် ၃၇.၅ သန်း၊ ကွင်းလယ်လူ မက္ကတီး(၂၂ နှစ်)အတွက် ပေါင် သန်း ၃၀ ကုန်ကျခဲ့ပါတယ်။
နှစ်ဦးစလုံးဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုး
ခဲ့ကြပါတယ်။
နော်တင်ဟမ်အသင်းအဖို့ ရန်းစ်အသင်းက ပြင်သစ်လူငယ်တိုက်စစ်မှူး ကာလီမူအန်ဒိုကိုလည်း ခေါ်ယူဖို့ နီးစပ်နေပါတယ်။
အစောပိုင်းကလည်း ဘိုလော့ဂ်နာအသင်းက ဆွစ်ဇာလန်တိုက်စစ်ကစားသမား အန်ဒိုယီကိုလည်း ခေါ်ယူထားပါတယ်။
Photos: Nottingham Forest

image
image
image