12 ပတ် - ဘာသာပြန်ပါ။

အရာရှိကြီး၏ လက်မှတ်ထိုးမှုနှင့် အရိယမဂ်
ဥပမာအားဖြင့် ရုံးအလုပ်များ ဆောင်ရွက်ရတာနဲ့လည်း တူပါတယ်၊ ရုံးအလုပ်များမှာ လက်အောက်ပုဂ္ဂိုလ်တွေက အဆင့်ဆင့် ရေးသား လုပ်ကိုင်လာပြီးတဲ့အခါ အကြီးဆုံးအရာရှိက လက်မှတ်ထိုးပြီး အဆုံးသတ်ရတယ်၊ အဲဒီလို အဆုံးသတ် ပြီးစေရာမှာ လက်အောက်က ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်လည်း ပါဝင်နေပါတယ်၊ ပါဝင်တာမှ အများဆုံး ဖြစ်ပါတယ်။ အဲဒီလိုပဲ အရိယမဂ်က ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်ရာမှာ ဝိပဿနာက အများဆုံးဆောင်ရွက်ခဲ့ရပါတယ်။
နောက်ပြီးတော့ သစ်ပင်ကို လွှဖြင့် ဖြတ်တာနဲ့လည်း တူပါတယ်၊ အသီးမသီးသေးတဲ့ သစ်ပင်ကို လွှဖြင့် ဖြတ်ရာမှာ ဆွဲတိုင်း တွန်းတိုင်း နည်းနည်းတော့ ပြတ်ပြတ်သွားတယ်၊ နောက်ဆုံးတစ်ချက်ကျတော့ အကုန်လုံး ပြတ်ပြီး သစ်ပင်ကြီး လဲကျသွားတယ်၊ အဲဒီ သစ်ပင်မှာ အသီးတွေ ဖြစ်ပေါ်ခွင့် မရှိဘူး၊ အဲဒီမှာ နောက်ဆုံးတစ်ချက်ကျမှ လုံးဝပြတ်သွားပေမယ့် ရှေးရှေး လွှချက်တွေကြောင့် ပြတ်တာကပဲ များနေသလိုပါပဲ၊ အရိယမဂ်က ကိလေသာကို နောက်ဆုံးမှာ အကြွင်းမဲ့ပယ်သတ်တယ် ဆိုပေမယ့် ရှေ့ပိုင်းက ဝိပဿနာတွေကပဲ တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်တို့ဖြင့် များစွာပယ်သွားရပါတယ်။
🖋️ မဟာစည်ဆရာတော်ဘုရားကြီး
📖 ဥပမာအလင်္ကာစကားများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image