◾️သထုံမြသပိတ်တောင်တက်လမ်း၌ မိုးကြီး၍မြေပြိုကျ
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မြသပိတ်တောင်တက်လမ်း၌ ယနေ့(သြဂုတ် ၁၇ ရက်)နံနက် ၈ နာရီ ခန့်တွင် မိုးသည်ထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုများဖြစ်ပွားကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှသိရသည်။
မြေပြိုကျမှုဖြစ်ပေါ်ရာသို့သွားရောက်ကူညီခဲ့သည့် အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက "ဒေသခံလူမှုကူညီရေးအသင်းသုံးသင်းပေါင်းပြီး လူဦးရေ ၁၁ ဦးနဲ့အတူသွားပြီး ကူညီရှင်းလင်းရေးတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ နံနက် ၁၁ နာရီလောက်မှာ အားလုံးပြီးသွားတယ်။ ထိခိုက်မှုဘာမှမရှိပါဘူး" ဟု ပြောသည်။
အဆိုပါတောက်တက်လမ်း၌ မြေပြိုကျခြင်းကြောင့် ကားများသွားလာ၍မရတော့ဘဲ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့်ခရီးသွားများထိခိုက်အန္တရာယ်ဖြစ်ပေါ်ခြင်းမရှိကြောင်း သိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း