13 ပတ် - ဘာသာပြန်ပါ။

"လွတ်လပ်သောစိတ် "
~~~~~~~~~~~~~
တရားဆိုတာ လှေတို့ ဖောင်တို့နဲ့တူတယ်။
for crossing over တဖက်ကမ်းကိုကူးသွားဖို့ပဲ။
not for clinging စွဲလန်းစေဖို့မဟုတ်ဘူး။
တရားဆိုတာ ဖောင်နဲ့တူတယ်။
ဖောင်ကိုသုံးပြီးတော့
တဖက်ကမ်းကိုရောက်အောင် သွားရတယ်။
တစ်ဖက်ကမ်းကိုရောက်တဲ့အခါ
ဒီဖောင်ကြီးဟာကျေးဇူးကြီးလိုက်တာ၊
ထမ်းသွားမှပဲလို့တွေးပြီး
ထမ်းပြီးတော့ယူမသွားနဲ့။
ကမ်းစပ်မှာပဲထားခဲ့တော့။
ဓမ္မကိုတောင် ထားခဲ့တော့၊
အဓမ္မဆိုရင် ပြောဖွယ်ရာမရှိတော့ဘူး။
ဒီစကားဟာ ကျေးဇူးများလိုက်တာနော်။
တရားကိုစွဲလန်းစေဖို့ တရားဟောတာမဟုတ်ဘူး။ လွတ်မြောက်စေဖို့ တရားကိုဟောတာ။
ဒါကြောင့် တရားကိုတောင် မစွဲလန်းသင့်ဘူး။
လူ့စိတ်ဟာ အင်မတန်စွဲလန်းတတ်တယ်။
တရားကိုတောင် စွဲလန်းတတ်တယ်။
အဲဒါကိုသိလို့ မြတ်စွာဘုရားက
သတိပေးတဲ့အနေနဲ့ ဒီတရားကိုဟောတာ။
ကျေးဇူးကြီးလိုက်တာနော်။
တရားကိုတောင် မစွဲလန်းဖို့ မှာတာနော်။
လွတ်လပ်မှုမှာ ကမ်းကုန်ရောပဲ။
ဒီလောက်လွတ်လပ်တဲ့အဆုံးအမမျိုးကို
မကြားဖူးဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ -
လွတ်လပ်သူရဲ့တရား။
လွတ်လပ်စေသောတရား။
လွတ်လပ်စေချင်သူရဲ့တရား။
လွတ်လပ်မှုကိုမြတ်နိုးသူတို့ရဲ့တရား။
ဒီ ဘုန်းဘုန်းဟာ သိတတ်တဲ့အရွယ်ကတည်းက လွတ်လပ်မှုကို အင်မတန်ကြိုက်တယ်။
သိတတ်တဲ့အရွယ်ကတည်းက
လွတ်လွတ်လပ်လပ်တွေးတယ်။
လွတ်လွတ်လပ်လပ်လုပ်တယ်။
ဘာသာရေးတွေက ခြိမ်းခြောက်တယ်။
ချုပ်ချယ်လွန်းတယ်။
ဒါကြောင့် ဘာသာရေးဆိုရင် သိပ်မကြိုက်ဘူး။
ဒါပေမဲ့ ဗုဒ္ဓတရားတွေကိုဖတ်ရတော့ သိရတော့
ဒါ ငါ့အတွက်ပဲလို့ သဘောကျသွားတယ်။
ဒါလောက်လွတ်လပ်တဲ့တရားဟာ ငါ့အတွက်ပဲ။
ငါ့စိတ်နဲ့ အံဝင်ခွင်ကျပဲ။
ငါ့ကိုတန်ဖိုးထားတဲ့ကတရား။
ငါ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့ တရား။
ငါ ကိုယ်တိုင်ကိုယ်ကျသိအောင်
လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
🙏🙏🙏🙏🙏🙏🙏🙏🙏

image