24 hrs - Translate

တစ်ခါက ငယ်ရွယ်လွန်းတဲ့အရွယ်မှာ မိခင်ကိုဆုံးရှုံးပြီး မိဘမဲ့သွားရတဲ့ Doodlebug ဟုအမည်ရတဲ့ သားပိုက်ကောင်လေး တစ်ကောင် ရှိခဲ့သည်။သူဟာ တစ်‌ေကာင်ကြွက်ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရပါတယ်။ ကံကောင်းစွာဖြင့် ကြင်နာတတ်တဲ့ လူတချို့က သူ့ကို ရှာတွေ့ခဲ့ပြီး၊ စိတ်မလုံမခြုံဖြစ်တဲ့အခါတိုင်း မိခင်သဖွယ်ပွေ့ဖက်ထားနိုင်စေရန်အတွက် ဝက်ဝံရုပ်လေးတစ်ရုပ်ကိုပေးခဲ့ကြပါတယ်။
အရုပ်လေးကိုရတဲ့နေ့ကစပြီး Doodlebug လေးဟာ မိခင်ရဲ့ နွေးထွေးတဲ့သားပိုက်အိမ်ထဲမှာ နေရသလို စိတ်ခံစားချက်တွေကောင်းမွန်လာပြီးသွားလေရာ ဝက်ဝံရုပ်လေးကိုပွေ့ဖက်ပြီးယူဆောင်သွားတတ်ပါတယ်။
ယခုအခါ သူဟာ သူ့ရဲ့ဘဝအသစ်မှာအေးချမ်းစွာ ရပ်တည်ရင်း၊အားငယ်စိတ်တွေ စိတ်မလုံခြုံမှုတွေ မရှိဘဲ ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနေပါပြီ။ ဝက်ဝံရုပ်လေးက သူ့ဘဝရဲ့ အရေးကြီးတဲ့တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားပုံရပြီး ဝမ်းနည်းတဲ့အချိန်တိုင်းမှာ ဝက်ဝံရုပ်လေးကိုပွေ့ဖက်လိုက်ခြင်းဖြင့် တစ်ချိန်ကသူ့မိခင်ဆီက ရရှိဖူးတဲ့ နွေးထွေးမှုတွေ ပြန်ရလိုက်သလို ခံစားမိစေပံုရပါတယ်။
တဖြည်းဖြည်းကြီးပြင်းလာခဲ့တဲ့အခါ Doodlebug ဟာသူ့ ဝက်ဝံရုပ်လေးကို အရင်ကလောက်သွားလေရာ ယူဆောင်မသွားတော့ဘဲ လုံခြုံတဲ့နေရာတစ်ခုမှာ သိမ်းထားတတ်ပါတယ်။ဒါပေမယ့် သူအချိန်ကြာကြာမရရှိဖူးလိုက်တဲ့ မိခင်ရဲ့ နွေးထွေးမှုတွေကို ပြန်လည်ရရှိစေဖို့ ဝက်ဝံရုပ်လေးက ကူညီပေးခဲ့ပါတယ်။

imageimage