13 ပတ် - ဘာသာပြန်ပါ။

ထိုင်းမှာk plusအပိတ်ခံရသူများ သိရှိစေရန်
ဆင်းကတ်မှတ်ပုံတင်တုန်းက passport (ci)နဲ့ မှတ်ပုံတင်ထားရင် အပိတ်မခံရပါ
ဆင်းကတ်မှတ်ပုံတင်တုန်းက သူများpassportနဲ့သို့မဟုတ် ပန်းရောင်ကတ်နဲ့မှတ်ပုံတင်ထားရင်အပိတ်ခံရမည်၊ ပိတ်ခံရတဲ့အကြောင်းရင်းက ဘဏ်အကောင့်ဖွင့်တုန်းကသုံးထားတဲ့စာရွက်စာတမ်းနဲ့ဆင်းကတ်မှတ်ပုံတင်စာရွက်စာတမ်း မတူလို့ အပိတ်ခံရခြင်းဖြစ်သည်။
ဗီဇာသက်တမ်းဆက်ဖို့စောင့်ဆိုင်းနေသူများ ဘဏ်ရုံးကလုပ်ပေးသလား..အဖြေကလုပ်ပေးပါတယ်။
ပထမဦးဆုံး ကိုယ်သုံးနေတဲ့ဆင်းကတ်ရုံးကိုသွားပါ၊
မှတ်ပုံတင်အသစ်ပြန်တင်ချင်ပါတယ်လို့ပြောပေးပါ.
မိမိမှတ်ပုံတင်အသစ်ပြန်တင်ထားကြောင်း အထောက်ထား
စာရွက်တစ်ရွက်ထုတ်လာပေးမည်(ပုံမှာတင်ထားတဲ့စာရွက်)
အထောက်ထားစာရွက်ရပြီရင် ဘဏ်ရုံးကိုသွားပါ အပိတ်ခံရသောk plusကို ပြန်လည်ဖွင့်ပေးပါတယ်..၃ရက်စောင့်ပြီးမှ ပုံမှန်အသုံးပြုလို့ရပါမည်။
ဗီဇာသက်တမ်းကုန်နေလို့ မလုပ်ပေးဘူးဆိုရင် Central Chaengwattana ကိုလာခဲ့ပါ..
ရထားပန်းရောင်းလိုင်းPakkret, Nonthaburi 28ဘူတာ
ဆင်းကတ်ရုံးရော ဘဏ်ရုံး ၄ထပ်မှာရှိပါသည်။

image