2 d - Translate

သမိုင်းကို က​​ေမ္ဘာဒီယားပိုင်တယ် မြေကို ထိုင်းပိုင်တဲ့ ဖရဝိဟန်။
ဖရဝိဟန်ဆိုတာ ရှေးဟောင်း က​မ္ဘာဒီယား ဘုရားကျောင်းတခု၊ လက်ရာကအစ က​​ေမ္ဘာဒီယားက အန်ကောဝပ်ပုံစံနှင့် တူတယ်။
ကမ္ဘာ့လှည့်ခရီးသွားတွေဟာ ထိုင်းကနေတဆင့် ဝင်ရောက်ပြီး လည်လေ့ရှိတယ်။ က​​ေမ္ဘာဒီယားက ပိုင်တယ်ဆိုပေမယ့် အဲဒီနေရာကို ‌ေ​မ္ဘာဒီယားဖက်က သွားဖို့လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ထိုင်းဖက်က ပိုလွယ်တယ်၊ နယ်စပ်ဆိုပေမယ့် က​​ေမ္ဘာဒီယားဖက်ခြမ်းမှာ တောပဲရှိတယ်၊ ထိုင်းဖက်ခြမ်းမှာ ဆီးစကစ်မြို့ဆိုတာ ရှိတယ်။
ခရီးသွားလာရေးက အကျိုးအမြတ်ကို ထိုင်းကပဲ ရနေတယ်။ အခြေအနေအရ က​​ေမ္ဘာဒီယားက ဆိုင်သာဆိုင်တယ် မပိုင်ဘူးဖြစ်နေတယ်။
၂၀၀၈ ခုနှစ်က အဲဒီဘုရားကျောင်းကို ကမ္ဘာ့အမွေအနစ်ဝင်ဖို့ က​​ေမ္ဘာဒီယားက ကြိုစားချိန်မှာ ထိုင်းက ကန့်ကွက်လို့ ပြဿနာဖြစ်သေးတယ်။
အမှန်တော့ အဲဒီမြေကို က​​ေမ္ဘာဒီယားက ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်ကတည်းက က​မ္ဘာ့ခုံရုံး ICJ က ဆုံးဖြတ်ခဲ့ပြီးသား။
ဒါပေမယ့် ထိုင်းနိုင်ငံရေးလောကမှာ ရိုးရာတခုရှိတယ်။ ပါတီအချင်းချင်း အာဏာလုကြလို့ တိုင်းသူပြည်သားတွေ အစိုးရအပေါ်မှာ စိတ်ပျက်လာပြီးဆိုရင်၊ မျိုးချစ်စိတ် ပြန်လည်နိုးထစေဖို့ ထိုင်း က​​ေမ္ဘာဒီယားနယ်စပ်က အဲဒီ ဖရဝိဟန်ကို ပြဿနာလုပ်လေ့ရှိတယ်။
၂၀၀၈ ခုနှစ်တုန်းကလည်း ရှပ်နီ ရှပ်ဝါတွေ အကြီးအကျယ် ပြဿနာတက်နေတုန်းက အဲဒီဘုရားကျောင်း နယ်မြေပိုင်ဆိုင်မှု ကိစ္စကို အချိန်ကိုက် ပြန်လည် တူးဆွခဲ့လို့ ထိုင်းဘုန်းကြီးတွေ နယ်စပ်အထိသွားပြီး မေတ္တာပို့ ဆန္ဒပြကြတယ်၊ ဘကြီးဘုန်းကြီးလည်း ပါတယ်။
လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံရေးက မငြိမ်ဘူး။ ဒီတော့ နည်းဟောင်းကြီးအတိုင်း ပြည်သူတွေကို မျိုးချစ်စိတ်နှင့် ပြန်လည်ထိန်းချင်ပုံရတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့၊ ပျက်ပျက် ပျက်ပျက်နှင့် နှာခေါင်းက သွေးထွက် ဆိုသလို၊ နှစ်ဖက် အစိုးရတွေရဲ့ ပြောင်းဝက ကျည်ထွက်ခဲ့ပြီး။
ဒီပြဿနာ ဒီမှာတင် မရပ်ရင်၊ ထိုင်းနိုင်ငံထဲမှာ သွေးချောင်းစီးဖို့ မြင်နေရတယ်။ က​​ေမ္ဘာဒီယား အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲမှာ သိန်းနှင့်ချီပြီး ရှိနေတယ်။
ထိုင်းရောက် မြန်မာတွေလည်း ဆင်ခြင်ရမယ်။
Crd. Ven U Kundala

image