ဒမ်ဘီလီအတွက် သေချာနေတဲ့ Ballon d'or ဆု
PSG မှာ ဒမ်ဘီလီက ထူးရှယ်နှစ်ဆအစွမ်းနဲ့
သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း Ballond'or ဆုရမယ့်သူအဖြစ် ကျွတ်ကျွတ်လွတ်လွတ်ရေပန်းစားနေပါပြီ။
ဉရောပစူပါဖလားကို PSG အသင်း ရရှိပြီးနောက်
တစ်နှစ်အတွင်း ဆုဖလားငါးလုံးပိုင်ရှင်ဖြစ်လာတယ်။
ဒမ်ဘီလီရဲ့Ballon d'or ဆု မျှော်လင့်ချက်ကလည်း
သေချာလာပါတယ်။
Ballon d' or ဆုဆိုတာ ဒမ်ဘီလီအိပ်မက်မမက်ဖူးတဲ့အရာပါ။ တစ်ချိန်လုံးဒဏ်ရာရနေလို့ဆေးရုံအုပ်ကြီးဆိုပြီး
နာမည်ပြောင်ရထားတဲ့ ဒမ်ဘီလီအတွက်
အခမ်းနားဆုံးဆုလာဘ်ပါပဲ။
ဒမ်ဘီလီက PSG အသင်းနဲ့အတူ ချန်ပီယံလိဂ်အပါအဝင်ဖလားအောင်ပွဲတွေပိုင်ဆိုင်ထားပြီး
တစ်ဉီးချင်းထူးချွန်မှုအဖြစ် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ
ပြုလုပ်ပြီး သူ့ပါရမီကို
စဉ်ဆက်မပြတ်ပြသထားပါတယ်။
တကယ်လို့များ Ballon d'or ဆုကို
ဒမ်ဘီလီ်ရဖူးဆိုရင် ဘောလုံးသမိုင်းတစ်လျှောက်စိတ်ပျက်စရာအကောင်းဆုံးမသမာမှုဖြစ်လာမယ်ဆိုပြီး
သုံးသပ်နေကြပါတယ်။
ဒမ်ဘီလီက သူကိုယ်သူအဆက်မပြတ်မောင်းနှင်နေလို့ နတ်ရေကန်ထဲက တက်လာသလို သစ်လွင်ထက်မြက်ပြီး
Ballon d'or ရနိုင်တဲ့အထိ တိုးတက်လာပါတယ်။
ကစားသမားတိုင်းအတွက်တကယ်အတုယူစရာ
ဒမ်ဘီလီပါပဲ။
Photos: Bleacherreport Football

image