ကရိသ်ျှဏ ဂျန္မာရှ်တမီးနေ့မြတ် (ခေါ်) ကရိသ်ျှဏဘုရားမြတ် ဖွားမြင်တော်မူသော နေ့မြတ်။
၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့ သည် လွန်ခဲ့သော (၅၂၅၂) နှစ်က ကရိသ်ျှဏဘုရားရှင် ဖွားမြင်တော်မူသော ကရိသ်ျှဏ ဂျန္မာရှ်တမီး‌ ခေါ် ဂိုကူးလ်အာရှ်တမီး ဖြစ်သည်။
ညပူဂျားလုပ်ရန်အချိန်မြတ်မှာ
သြဂုတ်လ ၁၆ ရက် ည ‌‌‌‌၁၁ နာရီ ၄၇ မိနစ်မှ
ဩဂုတ်လ ၁၇ ရက် ညဉ့်ဦးယံ ၁၂ နာရီ ၃၂ မိနစ်အထိ ၄၅ မိနစ်ကြာမြင့်မည်ဖြစ်သည်။
ဥပုသ်ဖြေရန်အချိန်မှာ ဩဂုတ်လ ၁၇ ရက် နံနက် ၅ နာရီ ၅၉ မိနစ်‌နောက်ပိုင်းဖြစ်သည်။
ဥပုသ်ယူမည့်သူများသည် မိမိကျန်းမာရေးအခြေအနေအရ သင့်တော်သလို စောင့်ထိန်းနိုင်ပါတယ်။
စောင့်တည်လိုက်နာရန် စည်းမျဉ်းများ။
၁) မနက် ၄ နာရီလောက်ထ၍ ခန္ဓာကိုယ် အပြင်ပိုင်း သန့်ရှင်းအောင် ရေချိုးသန့်စင်ပြီး သန့်ရှင်းစင်ကြယ်သော အ၀တ်ကို၀တ်ပါ။
၂) အရှေ့အရပ်သို့ မျက်နှာမူပြီး ဆံကလ်ပ်ယူ (ကျွန်တော် / ကျွန်မ မည်သူမည်ဝါသည် ဥပုသ်ကို အသေအချာစောင့်တည်ပါမည်) သက်သေပြုပါ။
၃) မနက် ၄ နာရီခွဲမှာ မံန်ဂလာအာရ်သီး လုပ်ပါ။
၄) ကောင်းသောအတွေး၊ ကောင်းသောအလုပ်၊ ကောင်းသောစကားသာဆိုပြီး တစ်နေကုန် ကရိသ်ျှဏဘုရားရှင်ရဲ့ နာမတော်ကို ရွတ်ဖတ်ရင်း အနုဿတိပွားများပါ။
၅) ဘုရားရှင်ရဲ့ ဘုန်းတော် ဂုဏ်တော်ကို နှလုံးသွင်းပြီး ဟရေကရိသ်ျှဏ မဟာမန္တရားကို ၁၆ ပတ်အနည်းဆုံးပုတီးစိပ်ပါ။
၁၆ ပတ်၊ ၂၅ ပတ်၊ ၆၄ပတ် ၊ ၁၀၈ ပတ် နိုင်သ၍ ပုတီးစိပ်ပါ။
၆) ရေမသောက်ဘဲ ဥပုသ်စောင့်လို့ရသည်။
ည ၁၂ နာရီ အထိ ရေမသောက်ဘဲနေပါ။
ရေသောက်မှရမည့်သူများ ရေသောက်ပြီး ဥပုသ်ယူလို့ရသည်။
ဥပုသ်မနိုင်၍ တစ်ခုခုစားလိုပါက မိမိလိုအပ်သလောက် ကောက်ပဲ၊ အနှံရှောင်ပြီး အသီး၊ နွားနို့၊ မြေပဲ၊ သာကူ၊ ငှက်ပျောပေါင်း၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပီလောပီနံ၊ သစ်သီးဖျော်ရည်၊ သစ်သီး အစရှိသော ဧကာဒရှီး ပ်ရဆားဒ်ဖြင့် ဥပုသ်စောင့်တည်နိုင်သည်။
အသား၊ ငါး၊ သခွားသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းသီး စတာတွေ ရှောင်ရမည်။
အရက်သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားရမည်။
၇) ဆင်းရဲချို့တဲ့သူများကို လှူဒါန်းပါ။ ကာမဂုဏ် လိင်ကိစ္စတွေ ရှောင်ရှားပါ။
၈) နွား နှင့် အခြားတိရစ္ဆာန်များအား အစာကျွေးပါ။
၉) ထိုရက်တွင် သူလ်ဆီး ပင်စိမ်း လုံး၀ မခူးရပါ။
လိုအပ်ပါက ထိုနေ့မတိုင်ခင် ကြိုခူးထားပါ။
ပူဂျားပြုလုပ်လိုသူများသည်လည်း မိမိတို့ အဆင်ပြေသလို တတ်ကျွမ်းသလို ပြုလုပ်နိုင်ပါတယ်။
အရေးအကြီးဆုံးဟာ မိမိတို့၏ ‌ဘက်သီး ခေါ် ယုံကြည် ဆည်းကပ်မှုပဲဖြစ်ပါတယ်။
ဟရေး ကရိသ်ျှဏ။
#hrk

image