❋ ချမ်းသာ, ဆင်းရဲ သတိမြဲ
ချမ်းသာငယ်ကို မစွန့်လိုပဲ တွယ်ဖက်ထားလျှင်, သက်သာခို အချောင်လိုက်၍ အပျင်းများနေလျှင် နောက်နား၌ ဆင်းရဲများ တန်းစီ စောင့်နေတတ်၏။
ချမ်းသာကို မက်မောလွန်းသဖြင့် မစဉ်းစား မနှိုင်းချိန်ဘဲ အချည်းနှီး အားကိုဖြုန်း၍ အလုပ်လွဲသွားလျှင်လည်း ဆင်းရဲများ နောက်၌ အဆင်သင့်စောင့်နေတတ်သည်။
❋ ဒုက္ခတွေ့လာ ကြိုးစားကာ၊ သက်သာနောက်ဆုတ်ကြ
လူ့စိတ်သဘာဝကလည်း လောကဓံ ဒုက္ခခပ်ဆိုးဆိုးများ နောက်ကလိုက်လာမှ ကုသိုလ်ကို လုပ်လိုပေသည်။ ကုသိုလ်ကို မြန်မြန်ပြေး၍ ယူလိုပေသည်။
လောကဓံဒုက္ခများ သက်သာရပ်တန့်သွားလျှင် ကုသိုလ်ကို မေ့သွားတတ်သည်။ အလုပ်လမ်းစ ပျောက်သွားတတ်သည်။ ကုသိုလ်တရားနှင့်ပတ်သက်၍ တက်ကြွနိုးကြားလာသော စိတ်ဓာတ်များလည်း မီးဝေးချိပ်ပမာ ပြန်လည်အေးခဲသွားတတ်သည်။
🖋️ ယောဆရာတော်ဘုရားကြီး
📖 ဘဝလမ်းညွှန် လက်ဆောင်မွန် (ပထမတွဲ)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
