ပုစ္ဆက အာဘော်ဖမ်းကြမယ်
( ဗြဟ္မာ သဟမ္ပတိ )
.......................
သာမဏေကျော် စာမေးပွဲတွေ နီးလာပြီဆိုတော့
ညီငယ်တို့အတွက် အထောက်အပံ့ဖြစ်စေရန်
ရေးသားလိုက်ပါသည်
ပုစ္ဆကဆရာတော်တွေထဲမှာ ဒီဗြဟ္မာကို သဘောကျနှစ်ခြိုက်တတ်တဲ့ဆရာတော်တစ်ပါးရှိပါတယ်။
သူက အသင်းတိုင်းလိုလို ပုစ္ဆက ပါဝင်ပါတယ် ။
လိုရင်းကို ပြောရရင်တော့
သုတ္တနိပါတအဋ္ဌကထာ (ဒု - နှာ ၁၆၉) အလို
ဒီ ဗြဟ္မာကြီးရဲ့ ဘုံနှင့် ပဋိသန္ဓေစိတ်၊
တရားထူး တွေပါ။
ဒီဗြဟ္မာကြီးက ကဿပဘုရားရှင်လက်ထက်က
သဟက ရဟန်းလို့ အမည်ရခဲ့ဖူးလို့ သူ့ကို
သုဒ္ဓါဝါသဗြဟ္မာတွေကြားမှာ သဟမ္ပတိ ဗြဟ္မာရယ် သိကြပါသတဲ့ ။
အပိုင်း(၁)
ပထမဆင့်အတွက် ...ဆိုရင်
သဟမ္ပတိ ရုပ်ပြီးပုံ၊
သူ၏ ပဋိသန္ဓေစိတ်က ရူပဝိပါက်ပဉ္စမဈာန်
ယှဉ်ဘက် စေတသိက် ၃၀။
အာရုံ ၁၂ ပါး
ဝေဒနာဒိဆက္က မေးလို့ကောင်း(လွဲရင် သေရောပဲ)
တရားထူးက အနာဂါမိဖိုလ်စိတ် (ထိုကျမ်းအလို)
ဗုဒ္ဓဝံသအဋ္ဌကထာ (နှာ -၁၄)အလို
ရူပ ပထမဈာန်ဝိပါက်ပဋိသန္ဓေ - ကို ယူ။
ပုစ္ဆကဆရာတော်က ဘယ်ကျမ်းကို အတည်ယူမယ်မပြောတတ်ပါ။
အဲ့တော့ နှစ်နည်း မှတ်လို့ရတယ်ပေါ့ ။
အပိုင်း(၂)
ဒုတိယဆင့်အတွက်ဆိုရင်
(၁)ဒီဗြဟ္မာကြီးရဲ့ သန္တာန်မှာ ရနိုင်သောဝီထိစိတ် (၂)အတိတ်အကြောင်းကံ (ပါဠိသာဓကနှင့်တကွ)
(၃)သူ၏ စုတိနောင် နှောင်းနိုင်သောပဋိသန္ဓေ
(အဲ့ဆရာတော်က စုတိနောင် ပဋိသန္ဓေနှောင်းပုံကို
အလွန်ကြိုက်တယ် လို့ သိရတယ်နော်ဘုရား)
(၄)ပဋိသန္ဓေနေပုံ စိတ်အစဉ်အတန်း(ဝီထိ-ဇောသတိပြု)
(၅)ယင်းဝီထိပါ ဝီထိမုတ်စိတ် ဝီထိစိတ်တို့၏
အာရုံ- စသည် ။
(၆)ပဋိသန္ဓေစိတ်နှင့်အတူ ရနိုင်သော
ရုပ်ကလာပ်နှင့် ရုပ်အရေအတွက် ။
အပိုင်း(၃)
တတိယဆင့်အတွက်ဆိုရင်
ဒီဗြဟ္မာကြီး ပဋိသန္ဓေစိတ်၏ သဟဇာတ၊ ဝတ္ထုပုရေဇာတ၊အာရမ္မဏ ပစ္စည်း၊ပစ္ဆာဇာတပစ္စယုပ္ပန်များ စသည်။
အထူးသဖြင့် နာနာက္ခဏိက ကမ္မပစ္စည်းများ
ထိုဗြဟ္မာ့ဘုံဝယ် ရနိုင်/ မရနိုင်သောကမ္မဌာန်းများ
မရနိုင်သောကမ္မဌာန်းတို့ကို ပွါးများက ရနိုင်သောဈာန်။
ထိုမရနိုင်သောကမ္မဌာန်းတို့ကို ပွါးများရန် သင့်လျော်သူကို အကြောင်းနှင့်တကွ။
စာမေးပွဲနီးလာပြီညီငယ်တို့ရေ
လုပ်ထားကြကွာ။ ပုစ္ဆကဆရာတွေက
အခုချိန်ဆို
အသင်းတွေကျရင် ဘယ်နေရာက ဘာတွေမေးမယ် ဆိုပြီး တေးမှတ်ထားပြီးနေလောက်ပြီ။
တောင်ကြီး ကမ္ဘောဇရယ် ဟိုးပုံနာဂပုရရယ်က
မလိုတော့ဘူး။ ဘာလိုလိုနဲ့ ဝါက ကျွတ်တော့မှာ။
ပုစ္ဆာတွေ များများတိုက်၊
ပါဠိတော်တွေ ဂါထာအဖွင့်တွေ
ဂါထာနိဿယတွေကို ညတိုင်း ပြန်ပြန်ပေး။
ရန်ကုန်ကလွဲရင် ကျန်အသင်းတွေမှာ
ပါဠိတော် ရတဲ့သူက အောင်ဖို့ အတော်သေချာတယ်။
နောက်ထပ်လည်း ကောင်းနိုးရာရာ
သဒ္ဒါ သင်္ဂဟတွေ တင်ပေးပါဦးမယ်ဘုရား
ဣဒံ မေ ပုညံ ဂမ္ဘီရဉာဏဿ ပစ္စယော ဟောတု
ဦးပညိန္ဒာလင်္ကာရာဘိဝံသ (စာချ)
မဟာသမာဓိသာမဏေကျော်စာသင်တိုက်
တောင်ကြီးမြို့
13-8-2025