(#မွှေးတံဆိပ်ပဲစိမ်းမှုန့်တို့ဟူးကျိုနည်း)
ဝယ်ရန်မလွယ်ကူသော ဒေသများတွင်သော်လည်ကောင်း ၊ အိမ်မှာ အေးဆေးလေး လုပ်စားချင်သူများ အတွက်သော်လည်ကောင်း တိုဟူး ကျိုနည်းလေး ရှယ်ပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
နနွင်းမှုန့် တစ်ဝက် (လ္ဘက်ရည်ဇွန်း )
ပဲစိမ်းမှုန့်၄၀၀တန် ၁ထုတ်
ထန်းလျှက်ခဲဖြူ ၂ခဲ
ရေ ရေသန့်ဗူးသေး ၁ဗူး 500ml
ဆား တစ်ဝက် (လ္ဘက်ရည်ဇွန်း ) နှင့်ဆီ ၁ဇွန်း (ထ္မင်းစားဇွန်း )
ပြုလုပ်နည်း
ရေသန့်ဗူးသေးမှရေအနည်းငယ်ဖြင့်ထန်းလျှက်၂ခဲစိမ်ထားပါ ။ ကျန်ရေဖြင့်ပဲစိမ်းမှုန့်ကိုပျော်အောင်ဖျော်ပြီး ထန်းလျှက်ရည်စစ်ထည့်ပြီးဆား ၊ ဆီ ၊ နနွင်းမှုန့်ထည့်၍ မီးဖိုတွင်ကျိုပါ။အိုးကို အဆက်မပြတ် မွှေပေးပါ ။
ပဲမှုန့်ရည်ပျစ်လာပြီးအစိမ်းနံ့ပျောက်လျှင်ချပြီးအအေးခံမည့်ခွက်ထဲထည့်ပြီး အအေးခံပါ ။
စားခါနီးမှ အတုံးလေးများ ပါးပါးလှီးပြီး ဂေါ်ဖီ ၊ ကြက်သွန်နီဆီချက် ၊ ဟင်းခတ်မှုန့် ၊ မကျည်းရည် ၊ ငံပြာရည်၊ ငရုတ်သီးမှုန့် ၊ ရှောက်ရွက်ဖြင့် ချဉ်ငံစပ်လေး သုပ်စားနိုင်ပါသည် ။
*******
#မနက်စာတို့ဟူးသုပ်
မနက်ခင်းကို ထမင်းလေး စားလိုက်ရမှ ကျေနပ်တဲ့ လူတွေရှိကြပါတယ်။ မနက်ခင်းစာဟာ တစ်နေ့တာလုံး အတွက် အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ကိုယ်နှစ်သက်တဲ့ အစားအစာတွေနဲ့ နေ့တစ်နေ့ကို စတင်တာ အကောင်းဆုံးပါပဲ။ ဒီနေ့ မနက်ခင်းမှာတော့ တိုဖူးသုပ်နဲ့ ထမင်း စားရင် ကောင်းမယ်လို့ ထင်တာကြောင့် အိမ်မှာပဲ တိုဖူးလေး ကြိုပြီး သုပ်စားဖြစ်ပါတယ်။ တိုဖူးသုပ်ဖို့ဟာ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွေ ပြည့်၀တဲ့ အစားအစာမို့ အာဟာရ အနေနဲ့လည်း ကောင်းမွန်တဲ့ အစားအစာပါ။
စျေးကနေ ကြိုပြီးသား တိုဖူးကို ၀ယ်ရင်တော့ ပိုလွယ်ကူစေပါတယ်။ အိမ်မှာ ကြိုမယ်ဆိုရင်တော့ ပဲစိမ်းမှုန့်ကို အစေ့တွေ မကျန်အောင် ရေနဲ့ အရင်ဆုံးဖျော်ပြီး နနွင်းနည်းနည်းထည့်ပါ။ တိုဖူးအရောင် လှစေဖို့ပါ။ ပြီးရင်တော့ မီးအေးအေးနဲ့ ပျစ်လာတဲ့ အထိ ကြိုပေးပါ။
tofu
တိုဖူးသုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
– တိုဖူး
– ကြက်သွန်နီ ၁လုံး
– နံနံပင် အနည်းငယ်
– ဆီချက်
– ပဲမှုန့်
– ပုဇွန်ခြောက်မှုန့်
– ငါးငံပြာရည်
– မန်ကျည်းချဉ်
tofu
– ကျိုထားတဲ့ တိုဖူးတွေကို သုပ်ဖို့ အတွက် အရင်ဆုံး လှီးထားပါ။
– ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ဆီချက်ချက်ဖို့ အတွက်နဲ့ သုပ်ဖို့ အတွက် နည်းနည်းပိုလှီးပါ။
– ဆီချက်ဖို့ အတွက် ဆီအနည်းငယ်ကို ဆူအောင်တည်ပြီး နနွင်းနဲ့ ကြက်သွန်နီ ထည့်ပြီး ချက်ပါ။
tofu salad
– ပါ၀င်ပစ္စည်းတွေ အားလုံးကို လိုသလောက်ထည့်ပြီး နယ်ရုံပါပဲ။ ကဲ ဘယ်လောက် လွယ်ကူပါသလဲ။ အခု ပြထားတဲ့ ပမာဏအတွက်ဆိုရင်တော့ ငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း၊ မန်ကျည်းရည် ထမင်းစားဇွန်း ၁ဇွန်း၊ ပုဇွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆီချက် ထမင်းစားဇွန်း ၁ဇွန်း ထည့်ပြီး နယ်ပါ။
– နံနံပင်လေးကို ပါးပါးလှီးပြီး အပေါ်ကနေ ဖြူးပါ။
*******
#တို့ဟူးကြော်နည်း
တို့ဟူးကို လက်တစ်လုံးလောက်ဆီ အထူရအောင်လှီးလိုက်ပါ။ ပြီးရင် အလယ်သားကို ဓားလေးနဲ့ အကြောင်းနှစ်ကြောင်းလောက် ခွဲပြီးကြော်ပါ။ အရမ်းကြွပ်ရင်လည်း သိပ်စားမကောင်းလို့ အပြင်ကကြွပ်ပြီး အထဲက ပျော့ပျော့လေးနဲ့ဆို ပိုစားလို့ကောင်းပါတယ်။ အချဉ်ရည်လေးနဲ့ တို့စားပါနော်။
အချဉ်ရည်ကိုတော့ မန်ကျဉ်းမှည့်ရေထဲကို ငံပြာရည်၊ အချိုမှုန့်၊ သကြား၊ ငရုတ်သီးအနည်းငယ်၊ နံနံပင်၊ ဂေါ်ဖီပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးလိုက်ပြီး သေချာနယ်ပေးကာ တို့စားလို့ရပါပြီနော်။
