" #ကလေးငယ်လေးများအတွက် "
"#အစွမ်းထက်သော မြန်မာဆေးနည်းများ "
✅ (ကလေးချွဲကျဆေး )✅
ရက်သား/လသားအရွယ် ကလေးချွဲ
ကြပ်ပါက ကွမ်းရွက်မျက်နှာပြင်အချော
ဘက်ကို ဆားအနည်းငယ်သုတ်လိမ်းပါ*
လေးညှင်းပွင့်တစ်ပွင့်ထည့်ပြီး မိခင်စားပါ*
နို့စို့ကလေးချွဲကျသည်*
(တစ်နည်း )
မြင်းခွါရွက်သတ္တုရည်ကို လ္ဖက်ရည်ဇွန်း
ငယ်တစ်ဇွန်း တိုက်ပါက သလိပ်ကျ၏*
သလိပ်နှင့်ပတ်သက်သမျှ ကောင်း၏*
(တစ်နည်း)
ကျောပူ/ခေါင်းပူဖြစ်ခြင်း(သို့ )ချွဲထ
ခြင်းအတွက် ကြိတ်မှန်ရွက်*ခွေးသေး
ပန်းတွင် ရှိန်းခို အနည်းငယ်ထည့်ပြီး
ကြိတ်* ယင်းအရည်ကို ငယ်ထိပ်မှနေ
၍ လိမ်းပေးပါ*
*********************
(ကျောက်/ဝက်သက်/ရေကျောက်/
ပဲသီတာပေါက်ခြင်း/ညှော်နံ့ဝင်ခြင်း)
အထက်ပါ ကြိတ်မှန်ရွက်*ခွေးသေးပန်း
ရွက်*ရှိန်းခို အနည်းငယ်ထည့်ကြိတ်ပြီး
အရည်အနှစ်ကို မိခင်နို့ရည်နှင့် ဖျော်ပြီး
ကလေးကို အနည်းငယ်စီတိုက်ပေးပါ*
( သို့) မိခင်နို့အုံကို သုတ်လိမ်း၍ ကလေး
ကို နို့တိုက်ပါ* ပျောက်ကင်း၏*တစ်ပတ်ခန့်
ပြုလုပ်ပါ*
(ကလေးတက်ခြင်း )
ရက်/လသားအရွယ် ကလေးတက်
သော် ကြက်သွန်နီတစ်ဥအား အထက်
အောက်ဖြတ်၍ ကလေးငယ်၏ ငယ်ထိပ်
ပေါ်တင်* မီးပြောင်းနှင့်မှုတ်ချလိုက်သလို
တစ်အားမှုတ်ချလိုက်ပါ* အတက်ကျသွား
ပါမည်*
( တစ်နည်း)
ဗုဒ္ဓံ သရဏံပင် ရိုးနီ/ရွက်နီ(ပင်ရိုင်း)
အပွင့်နီ၏ ဥကို ကျောက်ပျဉ်မှာသွေးပါ*
* လူကြီးလက်ဖဝါးနှစ်ဘက်
မှာပွတ်၍ ကလေးဦးခေါင်းမှစပြီး အနံ့
ရအောင် အုပ်ပေးပါ* လိမ်းရန်မလို*
အတက်ချက်ခြင်းကျမည်*
( ထိတ်လန့်ခြင်း)
ကလေးငယ်လေးများ ထိတ်လန့်တတ်ပါ
က ကျားရိုးအစစ်အားသွေး၍ လျှာ၌ပွတ်ပေးပါက ထိတ်လန့်ခြင်းကင်း
ဝေးစေပါ၏*
( ဆီးချုပ်ခြင်း)
ကလေးငယ် ဆီးချုပ်သော် မီးဖုတ်ထား
သောကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌
ပူပူနွေးနွေးကပ်ပေးခဲ့သော် ကလေး
ဆီချုပ်ခြင်း ပျောက်ကင်းပါ၏*
( သူငယ်နာကင်းရန်/လေဆန်နာ)
ဖီးကြမ်းငှက်ပျောသီးကို အခွံပါမီး
ဖုတ်၍ အသားကိုကျွေးပေးပါ(သို့ )
မိခင်က ကြိတ်မှန်ရွက်ကို ငါးကြင်းသား
နှင့် ဟင်းချက်စားပါ*
( ကလေးငယ်များ ဇက်စောင်း/
ခေါင်းယိုင်ခြင်း အတွက်)
လသား/ နှစ်သားအရွယ်ကလေးများ
ဇက်စောင်း/ခေါင်းယိုင်ခြင်း ဖြစ်ပါက
အရှေ့တောင်ဘက်သို့ထွက်သော ဇီးကိုင်းကို
ခုတ်၍ အပင်အောက်၌ပင် ထမင်း
ချက်ယောင်းမ ပုံစံတစ်ခု ခုတ်ပိုင်းယူ
ဆောင်ပါ* ယာဘက်သို့လည်ပင်းနှင့်
ခေါင်းယိုင်ပါက ဘယ်ဘက်ပုခုံးပေါ်သို့
ယောင်းမဖျားတင်ကာ နာရီဝက်ခန့်
အသင့်အတင့် ဖိနှိပ်ပေးပါ*
ဘယ်ဘက်သို့ လည်ပင်းနှင့်ခေါင်းယိုင်ပါ
က ဖော်ပြပါအတိုင်း ယာပုခုံးပေါ်တင်၍
ပြုလုပ်ပေးပါ* နေ့လည်(၁၂ )နာရီတိတိ
တွင် ဆောင်ရွက်ပေးပါက ပိုမိုအကျိုး
သက်ရောက်ပါသည်* တစ်ပတ်ခန့်ပြုလုပ်
ပေးပါက ဇက်စောင်းခြင်း/ခေါင်းယိုင်
ခြင်း မဖြစ်တော့ပါကြောင်း ဖတ်မိသမျှ
ကျန်းမာရေး ဗဟုသုတအဖြစ် ပြန်လည်
မျှဝေလိုက်ပါသည်*
