ပြောင်းဖူးပင်သည် အပင်ငယ်စဉ် ခြောက်သွေ့ဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ညှိုးတတ်သော်လည်း အပင်ကြီးလာပါက ရေပြတ်လတ်မှု အတော်အသင့်အထိ ခံနိုင်ရည်ရှိပါသည်။
မြေပြုပြင်ခြင်း
စိုက်ခင်းမြေသည် ကောင်းစွာထယ်ရေးနက်နက် (၉ လက်မခန့်) နှင့်ထွန်ရေး (၂-၃ ကြိမ်) မောင်းထားရန်လိုအပ်ပါသည်။ အစိုဓါတ်ထိန်းသိမ်းနိုင်ရန် နောက်ဆုံး မြေညှိ ကြမ်းတုံးရိုက်ပြီးမှသာ စိုက်တန်းများဆွဲပါ။
စိုက်ပျိုးခြင်း
ထောက်ပံ့ပေးထားသောမျိုးအတွက် မျိုးစေ့နှုန်း တစ်ဧကလျှင် ၅ ကီလိုခန့်အသုံးပြုပါ။
ပင်ကြား တန်းကြား (၁x၂) ပေ တွင် ပြောင်းပင်သည် ကောင်းစွာဖြစ်ထွန်းပါသည်။
မျိုးစေ့ကို (၂ – ၂.၅) လက်မအနက်ခန့်တွင် တနေရာ ၁-၂ စေ့ခန့်သာမျိုးစေ့ချ စိုက် ပျိုးပါ။
မျိုးစေ့ချပြီး (၇) ရက်ခန့်တွင် ပင်ပျောက်/ ပင်သေ/ နေရာလွတ်များကို ချက်ချင်း ပြန်ဖာပါ။ မျိုးစေ့ချပြီး (၁၄) ရက်ခန့်တွင် အသန်ဆုံးတစ်ပင်သာ ချိန်ထားပါ။
မြေဩဇာအသုံးပြုခြင်း
သဘာဝမြေဩဇာများ၊ မြေဆွေးများသည် မြေဆီလွှာဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်စေသောကြောင့် ဓါတ်မြေဩဇာများနှင့်အတူ ပေါင်းစပ် အသုံးပြု ရပါမည်။
မြေပြင်ချိန်တွင် ကောင်းစွာဆွေးမြေ့သောမြေဆွေး၊ သဘာဝမြေဩဇာများကို (၁၀-၁၅) လှည်းခန့် ထည့်ပေးသင့်ပါသည်။
မြေခဲအဖြစ် ယူရီးယား 👎 (၂၅ ကီလို) + တီစူပါ(P) (၅၀ ကီလို တစ်အိတ်)+ ပိုတက်ရှ် (K) (၂၅ ကီလို) ထည့်ပေးရပါမည်။
ထို့နောက် မျိုးစေ့ချပြီး ၂၀-၂၅ ရက်သား၊ ကြားပေါင်းလိုက်ချိန်တွင် တစ်ဧက တွင် ယူရီးယား 👎 (၂၅ ကီလို) + ပိုတက်ရှ် (K) (၂၅ ကီလို)၊
မျိုးစေ့ချပြီး ၃၅-၄၀ ရက်သားခန့် မြေဆွ ဘောင်တင်/ ပုခုံးသားတင်ချိန်တွင် တစ်ဧကလျှင် ယူရီးယား 👎 (၂၅ ကီလို) + ပိုတက်ရှ် (K) (၁၂.၅ ကီလို) ထည့်ပေးရပါမည်။
ရေသွင်း/ရေထုတ်စီမံခြင်း
ပြောင်းပင်သည် အပင်ငယ်စဉ် ခြောက်သွေ့ဒဏ်ကိုမခံနိုင်ဘဲ အလွယ်တကူ ညှိုးတတ်သော်လည်း အပင်ကြီးလာပါက ရေပြတ်လတ်မှု အတော်အသင့်အထိ ခံနိုင်ရည်ရှိပါသည်။
ထို့ကြောင့် အပင်ငယ်စဉ်တွင် မြေဆီလွှာ အစိုဓါတ်ကောင်းစွာရှိရန် လိုအပ်ပါသည်။
စိုက်ခင်း၊ ရာသီဥတု အခြေအနေများပေါ်မူတည်၍ လိုအပ်ပါက ပန်းပွင့်ချိန်နှင့် အဖူးတည်ချိန်တွင် စိုက်ကြောင်းမှတဆင့် ရေသွင်းပေးနိုင်ပါသည်။
ပေါင်းမြက်နှိမ်နင်းခြင်း
ပြောင်းစိုက်ခင်းသည် ပေါင်းမြက်စေ့များ၊ သီးနှံအကြွင်းအကျန်များ ကင်းရှင်း နေရပါမည်။
ပျိုးပင်အဆင့်မှ ရက်ပေါင်း (၃၀) (အပင်ငယ်စဉ်အဆင့်များ) တွင် ပေါင်းကင်း ရှင်းခြင်းသည် အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းအတွက် အရေးကြီးပါသည်။
မြေဩဇာမကျွေးမီ ပေါင်းရှင်းလင်းရေး လုပ်ဆောင်ပါ။ ပေါင်းသတ်ဆေးများကို အဓိကအားမထားဘဲ လက်ပေါင်းလိုက်ခြင်းအပြင် .. အခြားသင့်တော်သော နည်းမျိုးစုံ အသုံးပြုသင့်ပါသည်။
ပြောင်းကို ပဲမျိုးရင်းဝင်အပင်များ (ဥပမာ-ပဲလွန်း)တို့ဖြင့် ကြားညှပ်စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုလည်း သက်သာသလို ဖောငမြောင်တောင် ကျရောက်မှု လည်း လျော့နည်းပါသည်။
ရိတ်သိမ်းခြင်း
ပြောင်းပင်သည် သက်တမ်း (၁၁၀-၁၂၀) ရက်တွင် ရင့်မှည့်သော်လည်း မျိုး၊ စိုက်ခင်းအနေအထား၊ ရာသီဥတုအပေါ်မူတည်၍ အနည်းငယ် ကွာခြားနိုင်ပါ သည်။ စံမြိတ်ထွက်ပြီး ရက် (၃၀) ခန့်တွင် ပြောင်းပင် ကောင်းစွာရင့်မှည့်ပါသည်။
ပြောင်းသီးနှံတွင် ပြောင်းရွက်များ ၈၀-၉၀ % ခန့် ခြောက်သွေ့ သောအခါ (သို့မဟုတ်) ပြောင်းစေ့ထိပ်တွင် အမည်းရောင်အမှတ်ကို သိသာစွာ မြင်ရပါက ရိတ်သိမ်းရန် အကောင်းဆုံး ဖြစ်ပါသည်။
